အစ္စရေးမြောက်ပိုင်းမှာ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခံရမှုအတွင်း ထိုင်းအလုပ်သမား ငါးဦးဒဏ်ရာရခဲ့ပြီး သုံးဦး ဒဏ်ရာပြင်းထန်ဟု ဆို

0
154

တနင်္လာနေ့ညပိုင်းက လက်ဘနွန်နိုင်ငံဘက်ကနေ အစ္စရေးမြောက်ပိုင်း ကီဘတ်ဇ်မြို့တွင်းကို ပစ်လွှတ်ခဲ့တဲ့ တင့်ကားဖျက် ဒုံးကျည်တစ်စင်းမှ မိုင်းစတွေထိမှန်ခဲ့တာကြောင့် အစ္စရေးရောက် ထိုင်းနိုင်ငံသား ငါးဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ထဲက သုံးဦးဟာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်အတွင်း ထိုင်းနိုင်ငံသား မဟုတ်သူတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ထိုင်းလူမျိုး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက မတ် ၅ ရက်မှာ ပြောဆိုပါတယ်။ ဒဏ်ရာရသူတွေကို ဆေးရုံနှစ်ရုံမှာ ကုသပေးထားပြီး တစ်ဦးကတော့ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ကျန်လေးဦး ဆက်လက်ကုသမှုခံယူနေတယ်လို့လည်း ဝန်ကြီးဋ္ဌာနက ပြောဆိုခဲ့ပါတယ်။

အစောပိုင်းက ဒေသတွင်း မီဒီယာတွေကို ကိုးကားပြီး ထိုင်းသံရုံးက ထုတ်ပြန်ရာမှာတော့ အဆိုပါ တိုက်ခိုက်မှုအတွင်း ထိုင်းလူမျိုး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ အစ္စရေးရှိ ထိုင်းသံရုံးမှ တာဝန်ရှိသူတွေဟာ ဒဏ်ရာရသူတွေ ကုသမှုခံယူနေတဲ့ ဆေးရုံတွေကို သွားရောက်ကြည့်ရှုခဲ့ကြပြီး သူတို့တွေရဲ့ အခြေအနေကို မိသားစုဝင်တွေထံ အချိန်နဲ့တပြေးညီ အသိပေးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။

အစ္စရေးနိုင်ငံရှိ အန္တရာယ်မြင့်မားတဲ့ အရပ်ဒေသတွေမှာ ဆက်လက်လုပ်ကိုင်နေကြတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ လုံခြုံဘေးကင်းရာ ဧရိယာတွေကို ရွှေ့ပြောင်းကြဖို့ တဲအဗစ်ရှိ ထိုင်းသံရုံးက သတိပေးခဲ့သလို အစ္စရေးနိုင်ငံကနေ ထွက်ခွာလိုတဲ့ နိုင်ငံသားတွေအနေနဲ့လည်း သံရုံးထံ အကူအညီတောင်းခံနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here