ထားဝယ်ခရိုင်နှင့် မြိတ်မြို့နယ်တို့ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် ပထမအကြိမ်ပြင်ဆင်ချက်စာချုပ်များအား လက်မှတ်ရေးထိုး

0
186

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား လျှပ်စစ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်း သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ် ပြင်ဆင်ချက် စာချုပ်များအား လက်မှတ်ရေးထိုး ချုပ်ဆိုသည့် အခမ်းအနားကိုမတ်လ(၆)ရက် နံနက် (၉) နာရီက ထားဝယ်မြို့၊တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါခရိုင်များအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရောင်းချရန်ချုပ်ဆိုထားသော သဘောတူစာချုပ်သည် (၄)နှစ် စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန် လိုအပ်ကြောင်း အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြောကြားခဲ့သည်။

လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးအား အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သော Second Wave  ဂက်စ်တာဘိုင်ဖြစ်သွားမည်ဆိုပါက အစားထိုးပြီးချက်ချင်းလည်ပတ်ပြင်ဆင်နိုင်အောင် လုပ်ဆောင်နိုင်သော နည်းလမ်းများအပါအဝင် သွယ်တန်းထားသော ကေဘယ်လ်ကြိုးသာမက ထပ်မံသွယ်တန်းပြီး ဆောင်ရွက်ပေးသွားကြရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား ချုပ်ဆိုခဲ့သည့် သဘောတူစာချုပ်များကို ပြင်ဆင်သည့် ပထမအကြိမ်ပြင်ဆင်ချက် စာချုပ်များအား လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါ လက်မှတ်ရေးထိုး အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Petro & Trans Co.,Ltd ဒါရိုက်တာနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here