ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ ၏ ဗဟိုဌာနချုပ်ရုံးနှင့် ပြည်မြို့နယ် ပါတီရုံးဖွင့်လှစ်

0
181

လွှတ်တော်အမတ်ဟောင်း ဦးကျော်ဇေယျ ဦးဆောင်မည်ဟု ကနဦး သတင်းထွက်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ၏ ဗဟိုဌာနချုပ်ရုံးနှင့် ပြည်မြို့နယ် ပါတီရုံးဖွင့်လှစ်ပွဲကို မတ်လ (၅) ရက်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်သူ့ရှေ့ဆောင် ပါတီမှ ပါတီဝင်ဟောင်းများ အဓိကပါဝင်ဖွဲ့စည်းထားသည်ဟု သတင်းထွက်ခဲ့သည့် ယင်းပါတီ၏ ပါတီဗဟိုဌာနချုပ်ရုံး နှင့် ပြည်မြို့နယ်ပါတီရုံးဖွင့်လှစ်ပွဲကို မတ်လ (၅) ရက် အင်္ဂါနေ့ နံနက် (၉) နာရီက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ၊ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှူဆောင်များ ၊ ပြည်မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြို့နယ်များမှ ပါတီ မြို့နယ်ဥက္ကဋ္ဌများ၊ဖိတ်ကြားထားသူများ နှင့် ပါတီဝင်အင်အား(၅၀)ယောက် တက်ရောက်ခဲ့ကြောင်း ယင်းပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီအား ဦးကျော်ဇေယျနှင့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်း‌ရေးပါတီမှ ဒေါ်စန္ဒာဦးတို့မှ ဦးဆောင်မည်ဟု ကနဦးက သတင်းထွက်ထားပြီး ရန်ကုန် ၊ ပဲခူး၊ မန္တလေး ၊ ဧရာဝတီ ၊ မကွေး စသည့် တိုင်း (၅) တိုင်းတွင် ရွေးကောက်ပွဲဝင်ပြိုင်မည်ဟုလည်း ဦးကျော်ဇေယျက ပေါ်ပြူလာနယူးစ်သို့ ဖြေကြားထားသည်။

သို့သော် ယမန်နေ့က ပြုလုပ်သည့် ပါတီ ဌာနချုပ်နှင့် ပြည်မြို့နယ် ရုံးဖွင့်ပွဲတွင် ဦးကျော်ဇေယျ တက်ရောက်သည်ကို မတွေ့ရှိရပေ။

နစက အနေဖြင့် နိုင်ငံရေးပါတီများဖွဲ့စည်း ရပ်တည်ရေးနှင့် ပတ်သက်၍ ပါတီ မှတ်ပုံတင် ဥပဒေနှင့် နည်းဥပဒေပါ ပြဌာန်းချက် ၊ ပုဒ်မအချို့ကို ပြန်လည် ပြင်ဆင်ပြဌာန်းခဲ့သည်ကိုတွေ့ရသည်။

အဆိုပါ ပြင်ဆက်ချက်များအရ ပါတီဝင်အင်အား ၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်သည့် အချိန်ကာလသတ်မှတ်ချက်များ၊ ပါတီရန်ပုံငွေ၊ ပါတီ ငွေစာရင်း ကိစ္စများ အပါအဝင် ပုဒ်မအချို့ကို ဖြေလျှော့ပေးထားသည်ကို တွေ့ရသည်။

လက်ရှိတွင် ပါတီမှတ်ပုံတင်ကျပြီး တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရထားသည့် ပါတီ (၄၀) ကျော် ရှိနေပြီး ယင်း ပါတီများနှင့် နစက ဥက္ကဋ္ဌတို့ (၂) ကြိမ် တွေ့ဆုံထားပြီး ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here