အရှေ့အာရှနှင့် လက်တင်အမေရိကတို့အကြား စီးပွားရေး၊ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး

0
159

အရှေ့အာရှနှင့် လက်တင်အမေရိက တို့အကြား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဗွီဒီယိုကွန်ဖရင့်ဖြင့် အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

(၂၂) ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင် အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို မတ်လ (၅)ရက်၊ ည (၇)နာရီတွင် ဗွီဒီယိုကွန်ဖရင့်ဖြင့် ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးမှ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေး၌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် ဒိုမီနီကန်သမ္မတနိုင်ငံတို့မှ ပူးတွဲ သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အရှေ့အာရှနှင့် လက်တင်အမေရိကနိုင်ငံများအကြား ရာသီဥတုပြောင်းလဲခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စရပ်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ခရီးသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ ပညာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အလှည့်ကျဒေသဆိုင်ရာ ညှိ နှိုင်းရေးမှူးများ ခန့်အပ်ရေး ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here