ယခုနှစ်အတွင်း မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်

0
140

ယခုနှစ်အတွင်း မြန်မာလက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် နိုင်ငံတကာခြေစမ်းပွဲများသို့ သွားရောက်ယှဉ်ပြိုင်ကစားရန် လေ့ကျင်ပြင်ဆင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ထိုသို့ လေ့ကျင်ပြင်ဆင်ရာတွင် ယခု မတ် လ(၄)ရက်မှစတင်၍ စခန်းသွင်းလေ့ကျင်လျှက်ရှိပြီး၊ အသင်းနည်းပြချုပ်အနေ ဖြင့် ဂျပန်လူမျိုး ယူကီတက်ဆုရို က တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

နည်းပြချုပ် ယူကီတက်ဆုရိုအနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား နိုင်ငံတကာခြေစမ်းပွဲများ၊လေ့ကျင့်‌ရေးခရီးစဉ်များသွားရောက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို လူငယ်ကစားသမားများဖြင့် ဖွဲ့စည်ထားကာ ဂိုးသမားအဖြစ် မေဇင်နွယ်၊ မေဦးခင်၊ မျိုးမြမြငြိမ်း၊ ထက်အိန္ဒြာလင်း၊ အိစန္ဒာဇော်၊ နောက်တန်း ကစားသမားအဖြစ် ဇွန်ယုယဦး၊ အိအိကျော်၊ ယုယုနိုင်၊ မိုးမမစိုး၊ ဖြူဖွေး၊ မေသက်မွန်မြင့်၊ ခိုင်သဇင်၊ လင်းလဲ့ဦး၊ ဖြူဖြူဝင်း တို့ ပါဝင်သည်။

အလားတူ အလယ်တန်း ကစားသမားများအနေဖြင့် နော်ထက်ထက်ဝေ၊ ဆွေမာအောင်၊ ခင်မိုမိုထွန်း၊ မိုးမိုးသန်း၊ ဝင်းဝင်း၊ပုံပုံပ့ည့်မောင်၊ဝေဖူးအိမ်နှင့် ရှေ့တန်း ကစားသမားများအဖြစ် ရူပါခိုင်၊ ဂျူလိုင်ကျော်၊ ရွေရည်ထွန်း၊ ဟေမာန်စိုး၊ စန်းသော်သော်၊ ဇင်မိုးပြည့်၊ မြတ်နိုးခင်၊ ယဉ်လွန်းအိမ် တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here