လူမူကွန်ယက်တွင်ပျံ့နှံခဲ့သည့်ရပ်ကွက်တွင်းလူသ-တ်မှုဗီဒီယိုဖိုင်ပါလူ (၉) ဦးကို စစ်ကိုင်းတွင် ဖမ်းဆီး

0
217

ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပြီးခဲ့သည့် လအနည်းငယ်အတွင်းက ဖြစ်ပွားခဲ့သည့် လူမိုက် ကျော်ဝင်းစိန်အသ-တ်ခံရမှုတွင် အဓိက ဦးဆောင်သူဖြစ်သည့် ရဲမျိုးသိန်း (ခ) ငမျိုး အပါအဝင် (၉) ဦးကို ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အားသုံးဖမ်းဆီးခဲ့ကြောင်း သိရသည်။

မတ်လ(၆)ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီးရှိ ပုဗ္ပာရုံကျောင်းအတွင်း၌ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်အား (၄၀)ကျော် အသုံးပြုကာ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ (၈) ရက် ညပိုင်းက ကြည့်မြင်တိုင်မြို့နယ်တွင် အင်းစိန်လူမိုက်ဆိုသူ ကျော်ဝင်းစိန်အား ငမျိုးနှင့် သူ၏ တပည့်များက ဓ-ားဖြင့်ခု-တ်ကာ ဝိုင်းဝန်းသ-တ်ဖြ-တ်ခဲ့ပြီး ရှောင်တိမ်းနေခဲ့ကြခြင်း ဖြစ်သည်။

၎င်းတို့သည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း၌ ဘုရားတည်ရန်ဟု ဆိုကာ တိမ်းရှောင်နေစဥ် ရဲတပ်ဖွဲ့မှ သတင်းရပြီး အင်အားသုံး ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဝင်ရောက်ဖမ်းဆီးရာ ရဲမျိုးသိန်း (ခ) ငမျိုး၊ဟိန်း ထက်အောင် (ခ) ခေါင်းကြီး၊  အောင်မြတ်မင်း (ခ) အောင်ကြီး၊ အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊  မျိုးမင်းနိုင် (ခ) အရှည်ကြီး နှင့် ဇော်မင်းဦး (ခ) တွတ်ပီတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိချိန်တွင် ၎င်းတို့ထံမှ ဓ-ါးရှည် (၅) ချောင်း၊ ဓ-ါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ အပြင် ကား(၂)စီးကိုလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

ဖမ်းဆီးရမိခဲ့သည့် (၉) ဦးအား ရန်ကုန်တိုင်း အလုံမြို့နယ်ရဲစခန်းတွင် (ပ) ၅၄ /၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ ဖြင့် အမှုဖွင့်ထားသည့်အတွက် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here