ဟူသီတို့ပစ်တဲ့ ဒုံးကျည်ထိမှန်ခဲ့သော ကုန်သင်္ဘောမှ သင်္ဘောသား သုံးဦး ‌ေ-သဆုံးခဲ့ရာ ပထမဆုံး လူအ‌ေ-သအပျောက်ရှိ တိုက်ခိုက်မှုဖြစ်လာ

0
249

အေဒင် ပင်လယ်ကွေ့မှာ ဗုဒ္ဓဟူးနေ့က ကူးသန်း ရောင်းဝယ်ရေး သင်္ဘောတစ်စင်းကို ဟူသီတို့က ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောသား သုံးဦး ‌ေ-သဆုံးကာ ကျန်သင်္ဘောသားတွေ သင်္ဘောကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အမေရိကန် စစ်တပ်က ပြောဆိုပါတယ်။

ဒါဟာ အစ္စရေးရဲ့ ဟားမတ်စ် ချေမှုန်းရေးစစ်ပွဲနဲ့ ပတ်သက်ပြီး အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ရဲ့ ပင်လယ်ရေကြောင်း တိုက်ခိုက်မှုတွေမှာ ပထမဆုံး လူ‌ေ-သဆုံးမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဘာဘေးဒိုးစ်အလံလွှင့် လိုက်ဘေးရီးယားပိုင် ကုန်သင်္ဘောကြီး True Confidence ကို တိုက်ခိုက်မှုဟာ အာရှနဲ့ အရှေ့အလယ်ပိုင်းကို ဥရောပနဲ့ ဆက်သွယ်ပေးတဲ့ အရေးပါတဲ့ ရေလမ်းကြောင်းမှာ ပဋိပက္ခကို ပိုမိုကြီးထွားစေကာ ကမ္ဘာလုံးဆိုင်ရာ သင်္ဘောသွားလာမှုတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။

ဟူသီအဖွဲ့ဟာ နိုဝင်ဘာလကစတင်ပြီး ပင်လယ်ပြင်မှာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အမေရိကန်က ဇန်နဝါရီမှာ ၎င်းတို့အပေါ် တန်ပြန်တိုက်ခိုက်မှုတွေ စတင်ခဲ့ရာမှာ နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုတွေ လက်ရှိအထိ ရပ်တန့်မှုမရှိသေးပါဘူး။

ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ ထိန်းချုပ်တဲ့ နယ်မြေကနေ ပစ်လွှတ်လိုက်တဲ့ သင်္ဘောဖျက် ပဲ့ထိန်းဒုံးတစ်စင်း True Confidence ကို ထိမှန်ခဲ့ပြီး သင်္ဘော သိသိသာသာ ထိခိုက်ပျက်စီးမှုဖြစ်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဋ္ဌာနချုပ်က ပြောဆိုပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း သင်္ဘောသား သုံးဦး ‌ေ-သဆုံးကာ အခြား လေးဦး ဒဏ်ရာရခဲ့ပြီး သုံးဦး အခြေအနေ စိုးရိမ်ရတယ်လို့လည်း ဆိုခဲ့ပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here