ရန်ကုန် – မန္တလေး အထူးရထားပြေးဆွဲမည်

0
566

မတ်လ (၈)ရက်မှစတင်ကာ ရန်ကုန် – မန္တလေး အထူးရထား ခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ အထူးရထားပြေးဆွဲခြင်းကို အပတ်စဉ် သောကြာ နှင့် တနင်္ဂနွေ နေ့တိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ရန်ကုန် မှ နံနက် (၁၀) နာရီအချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးသို့ နံနက် (၃) နာရီ (၁၅) မိနစ်အချိန်တွင် ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။

အလားတူ မန္တလေးမှ ည (၉) နာရီခွဲ အချိန်တွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နေ့လည် (၂) နာရီ (၄၅) မိနစ်အချိန်တွင်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ရထားလက်မှတ်ခ နှုန်းထားများမှာ ရိုးရိုးတန်း(၁၂၀၀၀) ကျပ်၊ အထက်တန်း (၂၄၀၀၀) ကျပ်သတ်မှတ်ထားပြီး လမ်းခရီးဘူတာများ အနေဖြင့် ပဲခူး ၊ တောင်ငူ ၊ ပျဉ်းမနား ၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် နေ့စဉ်ပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး အမြန်ရထားနှင့် စာပို့ရထားခရီးစဉ်များအား ဒီဇင်ဘာ (၂၆) ရက်မှစတင်ကာ ရပ်နားထားပြီး ရန်ကုန် – မန္တလေးအမှတ် (၅) အဆန်နှင့် မန္တလေး – ရန်ကုန် အမှတ် (၆) အစုန်ရထားတစ်စီးစီသာ ပြောင်းလဲပြေးဆွဲပေးနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here