တောင်အာဖရိကသည် အစ္စရေးကို နောက်ထပ် အရေးယူမှုများလုပ်ရန် အိုင်စီဂျေကိုတောင်းဆို

0
222

အမ်စတာဒမ်၊မတ် ၇

တောင်အာဖရိကနိုင်ငံသည် အစ္စရေးနိုင်ငံ ကို အရေးပေါ်အစီအမံများ ထပ်မံချမှတ်ရန် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံတောင်းဆိုထားပြီး အစ္စရေးသည်မူလကချမှတ်ထားသည့် စည်းမျဉ်းများကိုချိုးဖောက်နေသည်ဟုလည်း ကုလသမဂ္ဂထိပ်တန်းတရားရုံးက မတ်လ ၆ ရက်တွင်ပြောကြားခဲ့သည်။

တောင်အာဖရိက၏လျှောက်ထားချက်၌ ဂါဇာရှိ ပါလက်စတိုင်းလူမျိုးများသည် ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်းသတိပေးခဲ့ပြီး သက်ဆိုင်ရာပါတီများအားလုံး ရန်လိုမှုများကိုရပ်တန့်ရန်နှင့် ဓ-ါးစာခံများနှင့်ထိန်းသိမ်းခံထားရသူအားလုံးကိုလွှတ်ပေးရန်လည်း တရားရုံးထံတောင်းဆိုခဲ့ကြောင်းသိရသည်။

ဂါဇာကမ်းမြောင်ဒေသရှိ အရေးပေါ်လိုအပ်နေသည့် အခြေခံဝန်ဆောင်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးအပြင်၊ငတ်မွတ်ခေါင်းပါးမှုကိုပါကိုင်တွယ်ဖြေရှင်းနိုင်ရန်အတွက် အစ္စရေးဘက်မှလိုက်လျောဖို့ညွှန်ကြားပေးရန်လည်း တရားရုံးကိုတောင်းဆိုခဲ့သေးသည်။

တောင်အာဖရိကသည် ဇန်နဝါရီလက ဂါဇာ၌ အစိုးရဦးဆောင်သော လူ-မျိုး-တုံး-သ-တ်-ဖြ-တ်မှုအား အစ္စရေးကကျူးလွန်နေသည်ဟု စွပ်စွဲပြီးနောက် အစ္စရေးအနေဖြင့် ပါလက်စတိုင်းများအပေါ် လူ-မျို-းတုံ-းသ-တ်-ဖြ-တ်မှုမကျူးလွန်ကြောင်း သေချာစေရန်နှင့် လူ-မျို-းတုံ-းသ-တ်ဖြ-တ်မှုဆိုင်ရာ သဘောတူစာချုပ်နှင့်ငြိစွန်းနိုင်သည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ကြဉ်ရန် အိုင်စီဂျေကအစ္စရေးအားအမိန့်ပေးခဲ့သည်။

သို့သော် အစ္စရေးနှင့် ၎င်း၏အနောက်မဟာမိတ်များက အဆိုပါစွပ်စွဲချက်အား အခြေအမြစ်မရှိသောစွပ်စွဲချက်ဟုသာဖော်ပြခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here