ချည်မျှင်နှင့် ပိတ်ထုတ်လုပ်ရေးတွင်ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်သွားရန် နစက ဥက္ကဋ္ဌ ပြောကြား

0
142

ဝါ အထွက်နှုန်းများ တိုးတက်စေရေး လိုအပ်သည့် စိုက်နည်းစနစ်များ၊ သွင်းအားစုများနှင့် အောင်ရေများရရှိရေးအတွက် ရေရှည်ကို ကြည့်၍ စီမံတွက်ချက်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မတ်လ (၇)ရက်က နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သာ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထွက်ရှိလာသည့် ဝါကုန်ကြမ်းများကို ချည်မျှင်ထုတ်လုပ်နိုင်ရေးနှင့် ပိတ်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေး စက်ကိရိယာများလိုအပ်နေကြောင်း၊ ပိတ်အဖြစ် ပြောင်းလဲနိုင်ရေး ဆောင်ရွက်ရာတွင် လုပ်ငန်းများအလိုက် ဦးတည်ချက်များထား၍ တဆင့်ချင်း အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရန်နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန်လည်း ပြောကြားခဲ့သည်။

ဝါများကို သိုလှောင်၍ လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ပါကအလုပ်အကိုင် အခွင့်အလမ်းများထွက်ပေါ်လာမည်ဖြစ်သဖြင့် အလုပ်လက်မဲ့ ရာခိုင်နှုန်းကို လျှော့ချပေးနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

လက်ရှိ ဝါစိုက်ဧက (၅) သိန်း၌ (၁) ဧကလျင် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိမည်ဆိုပါက လူဦးရေသန်း (၅၀) တွင် တစ်ဦးလျှင် ချည်ပိတ် ကိုက် (၃၀) ခန့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက တွက်ချက်ပြသည်။

ထို့အပြင် ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများကို ချည်ချောထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှ ချည်ထည်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here