YGEA က အသင်းဝင်ကတ်ကို ပထမဆုံးအကြိမ်အဖြစ် Smart ကတ် ထုတ်ပေးမည်

0
153

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA က အသင်းဝင်ကတ်ကို ပထမဆုံးအကြိမ်အဖြစ် Smart ကတ် ထုတ်ပေးမည်ဖြစ်ပြီး ကတ်ပါ QR ကုတ်ကို စကင်ဖတ်၍ အတုံးအခဲလိုင်စင်နှင့် ရွှေသယ်၊ ငွေသယ်ကတ်ကို တပါတည်း ကြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အသင်းဝင်ကတ်အား QR Code (Smart Card)ဖြင့်ပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၎င်းအသင်းဝင်ကတ်တွင် အသင်း Profile ၊ အတုံးအခဲလိုင်စင်နှင့် ရွှေသယ်/ ငွေသယ်ကတ်ပါ ရှိကြောင်း မတ် ၁ ရက် တွင် အသင်း၏ လူမှုကွန်ရက်စာမျက်နှာထက်တွင် အသိပေးကြေညာထားပြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းသို့ အသင်းဝင်သော သူများအနေဖြင့် ရွှေအသင်းရုံးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၄ ခုနှစ် နှစ်စဉ်ကြေးအား ရုံးသို့လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဘဏ်စနစ် ဖြင့်သော် လည်းကောင်း နှစ်စဉ်ကြေးများပေးသွင်းနိုင်ပြီး အသင်းဝင်ကတ်အား သက်တမ်းတိုးရာတွင် UAB Pay, Onepay ဖြင့် ပေးသွင်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် ရွှေဆိုင်လိုင်စင်ထောက်ခံချက်၊ ရွှေသန့်စင်လုပ်ငန်းလိုင်စင် ထောက်ခံချက်၊ ပန်းတိမ်လုပ်ငန်းလိုင်စင်ထောက်ခံချက်၊ အပေါင်ဆိုင် လုပ်ငန်းလိုင်စင် ထောက်ခံချက် နှင့် ရွှေအတုံးအခဲအရောင်းအဝယ် လိုင်စင်ထောက်ခံချက်စသည်တို့ကို ရန်ကုန်ရွှေအသင်းရုံးတွင် အခမဲ့ထောက်ခံပေးနေကြောင်း သိရသည်။

လုပ်ငန်းရှင်များသည် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သော ထောက်ခံချက်များအား YGEA အသင်းရုံးတွင် ရုံးချိန်အတွင်းလာရောက်၍ အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွှေဆိုင်များအားလုံး အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ရွှေ နှင့် သတ္တုလိုင်စင် မဖြစ်မနေလျှောက်ထားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)က အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here