ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ရှစ်သိန်းကျော်တင်ပို့ထား

0
137

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ပြောင်းတန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားကြောင်း စီးပွားရေးနှင့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဖေဖော်ဝါရီလအထိ (၁၁)လအတွင်း စုစုပေါင်းပြောင်းတန်ချိန် ၈၉၁၀၃၈ တန် တင်ပို့ခဲ့ပြီးသည့်အနက် ဖေဖော်ဝါရီလတွင် အများဆုံးအနေဖြင့် ပြောင်းတန်ချိန် ၃၆၅၄၇၂ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပြည်ပသို့ပြောင်းတင်ပို့ရာတွင် အထွေထွေကုန်စည်တင် သင်္ဘောများကို အသုံးပြု၍ ဝမ်းပုံစနစ်ဖြင့် တင်ပို့မှု ၇၅ ရာခိုင်နှုန်း၊ ကုန်သေတ္တာဖြင့် တင်ပို့မှု ၂၅ ရာခိုင်နှုန်းရှိပြီး ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းနှင့် ကန်တန်ဆိပ်ကမ်းများသို့ ကုန်တန်ချိန် ၂၇၀၀-၃၀၀၀ ခန့် တင်ဆောင်နိုင်သော ပြည်တွင်းလုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် သင်္ဘောငယ်များဖြင့်လည်း တင်ပို့လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းစိုက်ပျိုးမှု၏ ၇၀ ရာခိုင်နှုန်းကို မိုးပြောင်းအဖြစ် စိုက်ပျိုးကြပြီး ၃၀ ရာခိုင်နှုန်းကို ဆောင်းပြောင်းအဖြစ် စိုက်ပျိုးကြကာ ကချင်ပြည်နယ်၊ ကယားပြ ည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် အဓိက စိုက်ပျိုးကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here