ငြိမ်းချမ်းရေး အကျိုးဆောင်ပါတီအား နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြု

0
186

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားသည့် အဖွဲ့များအနက် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ၏ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ၎င်းတို့ တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိရာ လက်ရှိအချိန်ထိ လျှောက်ထားသည့်အဖွဲ့ (၁၅)ဖွဲ့ ရှိကြောင်း UEC မှ သိရသည်။

ယင်း(၁၅) ဖွဲ့အနက်မှ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသည့်အတွက် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ကော်မရှင်မှ မတ်လ (၇)ရက်တွင် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်ရရှိခဲ့သည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီအနေဖြင့် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ(၇)နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီ မှတ်ပုံတင်လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိအချိန်ထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၁၅) ဖွဲ့ရှိပြီး ပါတီတည်ထောင်ခွင့် ခွင့်ပြုပြီး (၁၂)ဖွဲ့ရှိကာကျန်အဖွဲ့များကိုလည်း စိစစ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here