လျှပ်စစ်သုံး မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ

0
155

တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံး မော်တော်ယာဉ်၊ မော်တော် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor, C11 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Leapmotor, T03 (Luxury) အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည့်အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့် ပြုခဲ့ကြောင်း နစက က မတ်လ (၇) ရက်တွင် သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

ထို့အပြင် Myanmar Arr Thit Man Motor Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Faw Bestune Nat E05 အမျိုးအစား လျှပ်စစ်သုံးယာဉ်များ၊ တရုတ် နိုင်ငံထုတ် AI MA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာကြောင်း သိရသည်။

ပြည်တွင်း၌ EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းလု ပ်ကိုင်ခွင့်ပြုပေးထားသည့်ကုမ္ပဏီ (၃၀) ရှိရာမှ လက်ရှိတွင် ကုမ္ပဏီ(၈၀) ကျော်အထိ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပေးထားပြီးလက်ရှိတစ်နှစ်ကျော်ကာလအတွင်း ပြည်တွင်း၌ EV ယာဉ်အမျိုးမျိုးအစီးရေ (၅၀၀၀) ကျော် မှတ်ပုံတင်ထားကြောင်းအမျိုးသားအဆင့်လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here