ပုဂံရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား (၁၁) ဆူအား မိုးကြိုးလွှဲတပ်ဆင်ပြီးစီး

0
155

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုံဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား (၁၁) ဆူအား မိုးကြိုးလွှဲများ တပ်ဆင်ပြီးစီးပြီဖြစ်ကြောင်း အဆောက်အဦ ဦးစီးဌာန လျှပ်စစ်ဌာနခွဲမှ သိရသည်။

ပုံဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းဘုရား (၁၁)ဆူကို အဆောက်အဦ ဦးစီးဌာန လျှပ်စစ်ဌာနခွဲမှ မိုးကြိုးလွှဲများ တာဝန်ယူတပ်ဆင်ခဲ့ရာ မတ်လ (၆)ရက်တွင် တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

စူဋ္ဌာမဏိဘုရားနှင့် ပံ့သကူမဟာထေရ်ဘုရား၊ မိုးကြိုးလွှဲတပ်ဆင်ပြီးစီးမှုအခြေနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် အဖွဲ့ဝင်များက မတ်လ (၆)ရက်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ပုံဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသအတွင်းရှိ ဓမ္မရာဇာဘုရား၊ ထီးလိုမင်းလိုဘုရား၊ မြစေတီ၊ မနုဟာ၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ မဟာဗောဓိ၊ ပြဿာဒ်ကြီး၊ စူဋ္ဌာမဏိ၊ ပံ့သ ကူမဟာထေရ်၊ သိကြားပုန်းဘုရားစသည့် ရှေးဟောင်ဘုရား (၁၁)ဆူအား မိုးကြိုးလွှဲတပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးကြိုးလွှဲတပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် လုပ်ငန်းအားလုံးပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here