နေတိုးအဖွဲ့ထဲသို့ ဆွီဒင် တရားဝင် ဝင်ရောက်

0
119
US Secretary of State Antony Blinken receives the NATO ratification documents from Swedish Prime Minister Ulf Kristersson during a ceremony at the US State Department, as Sweden formally joins the North Atlantic alliance, in Washington, DC, on March 7, 2024. - Kristersson hailed his country's entry into NATO as a "victory for freedom," as it turned the page on two centuries of non-alignment following Russia's invasion of Ukraine. The accession "is a victory for freedom today. Sweden has made a free, democratic, sovereign and united choice to join NATO," he said at the ceremony. (Photo by ANDREW CABALLERO-REYNOLDS / AFP)

ဆွီဒင်နိုင်ငံဟာ ကြာသပတေးနေ့မှာ နေတိုးအဖွဲ့ဝင်အဖြစ် တရားဝင် ပူးပေါင်းခဲ့ပြီဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်မှုကြောင့် ဥရောပရဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေစဉ် ဒုတိယကမ္ဘာစစ်အပြီး ဆယ်စုနှစ်များစွာကြာ ကြားနေမှုနဲ့ အင်အားကြီးနိုင်ငံတွေနဲ့လိုက်လျောညီထွေမဖြစ်မှုကို အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။

ဆွီဒင်ရဲ့ အဖွဲ့ဝင်ဖြစ်လာမှုအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ချီးကျူးဂုဏ်ပြုခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်ရဲ့ ယူကရိန်းအပေါ် ဝင်ရောက်စွက်ဖက်မှုဟာ မဟာမိတ်အဖွဲ့ကို အကွဲအပြဲဖြစ်စေမှုထက် စည်းလုံးမှုကိုသာဖြစ်စေခဲ့တဲ့ လက္ခဏာတစ်ရပ်အဖြစ်လည်း သူက ပြောဆိုပါတယ်။

ယူကရိန်းပြည်သူတွေကို ရန်လိုတဲ့ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲစတင်လိုက်ချိန်မှာ ဥရောပဟာ အားနည်းပြီး အကွဲအပြဲဖြစ်ကုန်နိုင်တယ်လို့ ပူတင်က တွေးထားကြောင်း ထုတ်ပြန်ချက်မှာ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

ယင်းသို့မဖြစ်ခဲ့ဘဲ မိမိတို့ရဲ့ နီးကပ်သော မိတ်ဖက်နှစ်နိုင်ငံဖြစ်တဲ့ ဆွီဒင်နဲ့ ဖင်လန်တို့ဟာ စွမ်းရည်ပြည့်ဝသော စစ်တပ်တွေနဲ့အတူ နေတိုးရဲ့ အပြည့်အဝအဖွဲ့ဝင်ဖြစ်ရေးကို ၂၀၂၂ ခုနှစ် မေလမှာ သမိုင်းဝင် လျှောက်ထားမှုလုပ်ခဲ့ကြတယ်လို့ သူက ဆိုခဲ့ပါတယ်။ ယနေ့မှာ ဆွီဒင်နိုင်ငံကို ပေါင်းစည်းလိုက်ခြင်းဖြင့် နေတိုးအဖွဲ့ဟာ ယခင်ထက် ပိုမိုစည်းလုံးညီညွတ်ပြီး ရပ်တည်ခိုင်မာကာ တက်ကြွစွာရပ်တည်နေတဲ့ အင်အားကြီး ၃၂ နိုင်အဖွဲ့ဖြစ်လာပြီလို့လည်း ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

မဟာမိတ်အဖွဲ့ကို ဆွီဒင်ဝင်ရောက်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေကို နိုင်ငံခြားရေးဋ္ဌာနသို့ တရားဝင် အပ်နှံတဲ့ အခမ်းအနားအား ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလစ်ကင်တို့ ကမကထပြုဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။

Ref: abc News


LEAVE A REPLY

Please enter your comment!
Please enter your name here