ဝါဆိုတံတားအဆင်းတွင် YBS 134 ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွား၊ (၅)ဦး ထိခိုက်ဒဏ်ရာရ

0
218

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်းတွင် YBS 134 မီနီဘတ်စ် ခရီးသည်တင် ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားရာ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

မတ်လ (၈)ရက် နေ့လယ် (၁၁)နာရီ (၅၆)မိနစ် အချိန်ခန့်က ဝါဆိုတံတားအဆင်းတွင် ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ဒေါပုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“YBS ၁၃၄ မီနီဘတ်စ်ပေါ့နော်။ ၅ ဦး ဒဏ်ရာရတာမှာ အမျိုးသားက စိုးရိမ်ရတယ်။ ဒဏ်ရာရသူတွေကို ကားထဲကနေ ဆွဲထုတ်ပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီး အခြား မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းလို့ ဆေးရုံပို့ပေးခဲ့ပါတယ်။”ဟု လောကဟိတာဝဟလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လယ် (၁၂)နာရီ (၀၁)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ကားမီးလောင်မှုကြောင့် အမျိုးသား (၁)ဦး (စိုးရိမ်ရ)၊ အမျိုးသမီး (၄)ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားမီးလောင်ရာသို့ ဒေါပုံ၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်း၊ တာမွေကြက်ခြေနီနှင့် အခြားလူမှုကူညီရေးအဖွဲ့များမှ လာရောက်ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာရသူ (၅)ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ကူညီပို့ဆောင်လိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here