ယူကရိန်းတွင် အမေရိကန်တပ်များ အသုံးမပြုရန် ဆုံးဖြတ်ထားကြောင်း သမ္မတဘိုင်ဒင်ဆို

0
112

ယူကရိန်းတွင် အမေရိကန်တပ်များကို အသုံးမပြုရန် ဆုံးဖြတ်ထားကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ၎င်း၏ ပြည်ထောင်စု နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“သူတို့က အမေရိကန်စစ်သားတွေကို မတောင်းပါဘူး။ တကယ်တော့ ယူကရိန်းမှာ စစ်ပွဲမှာ အမေရိကန်စစ်သားတွေလဲ ရှိမနေပါဘူး။ ဒါကြောင့် လက်ရှိ အခြေအနေအတိုင်းပဲ ဆက်ထားဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်” ဟု သူက ဆိုသည်။

ယူကရိန်းနှင့်အတူ ရပ်တည်ပြီး ယူကရိန်းအနေဖြင့် မိမိကိုယ်မိမိ ကာကွယ်ရန် လိုအပ်သည့် လက်နက်များ ပံ့ပိုးပေးမည်ဆိုလျှင် ယူကရိန်းနှင့် မော်စကိုတို့ ပဋိပက္ခတွင် ယူကရိန်းက အနိုင်ရနိုင်သည်ဟုလည်း အမေရိကန် သမ္မတက စောဒကတက်ခဲ့သည်။

ထို့ကြောင့် ယူကရိန်းကို အကူအညီပေးရေး အစီအစဉ်သစ် ခွဲဝေချထားရန် ဆုံးဖြတ်ချက်ကို ထောက်ခံရေးအတွက် အမေရိကန် ကွန်ဂရက်ကို သူက ထပ်မံ တောင်းဆိုလိုက်သည်။

အမေရိကန်၏ လက်နက်ထောက်ပံ့မှုကြောင့် ယူကရိန်းသည် ရုရှားကို အနိုင်ရနိုင်သည်ဟု သမ္မတဘိုင်ဒင်က အခိုင်အမာ ပြောကြားခဲ့သည်။

သမ္မတ ဘိုင်ဒင်သည် နိုင်ငံတော် အခြေပြ မိန့်ခွန်းကို အမေရိကန်စံတော်ချိန် ကြာသပတေးနေ့ည ၉ နာရီက အမေရိကန်လွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် အမေရိကန်နိုင်ငံ၏ စီးပွားရေး၊ ငွေကြေးဖောင်းပွမှု၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်ပွဲနှင့် ဂါဇာစစ်ပွဲ အစရှိသည့် ကိစ္စရပ်များတွင် လက်ရှိ ဘိုင်ဒင်အစိုးရက မည်သို့မည်ပုံကိုင်တွယ်ဆောင်ရွက်နေသည် ဆိုသည်တို့ကို ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here