သင်္ဃန်းညီနောင် ကျေးရွာအနီးတိုက်ပွဲကြောင့် ဒေသခံ (၁,၀၀၀)နီးပါး မြဝတီမြို့သို့ အရေးပေါ် ပြောင်းရွှေ့

0
173

ကရင်ပြည်နယ် ၊ မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ကျေးရွာ အနီးတွင် ယမန်နေ့က စတင်ဖြစ်ပွားခဲ့သည့် နှစ်ဘက်ထိတွေ့တိုက်ပွဲကြောင့် ဒေသခံပြည်သူ (၁,၀၀၀) နီးပါး မြဝတီမြို့သို့ အရေးပေါ် ပြောင်းရွှေ့နေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မတ်လ(၈)ရက် နံနက်ပိုင်းတွင် သင်္ဃန််းညီနောင်ကျေးရွာ ခလရ (၃၅၅) တပ်ရင်းအနီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

တိုက်ပွဲကြောင့် မြစန္ဒီ ၊ ရွာသစ်၊ ရှမ်းစု ၊မဲကနယ် ၊ မြေနီကုန်း ကျေးရွာများမှ ဒေသခံပြည်သူများမှာ မြဝတီမြို့နှင့်နီးစပ်ရာဘုန်းကြီး‌ကျောင်းများတွင် ပြောင်းရွှေ့နေထိုင်ကြရကြောင်း သိရသည်။

လက်ရှိတွင် မြဝတီကုန်သွယ်‌ရေးဇုန်နှင့် သင်္ဃန်းညီနောင်ကျေးရွာသို့ သွားလာခွင့်အား ယာယီပိတ်ထားကြောင်းလည်း သိရသည်။

” ကျေးရွာအားလုံးပေါင်းရင် လူတစ်ထောင်နီးပါးလောက်တော့ရှိမယ်။ အရေးပေါ်ကို ပြောင်းရတာ။ မနေ့ကလည်းတစ်နေကုန်လောက် တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်ပိုင်းလည်း ဖြစ်နေတယ်။ ဒဏ်ရာရတဲ့သူတွေ ရှိတယ်လို့ပြောတယ်။ ဘယ်၍ဘယ်မျှတော့မသိရဘူး လူတွေက အကုန်ကွဲကုန်တော့လေ “ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

လက်နက်ကြီးထိမှန်ကာ ဒေသခံ အမျိုးသမီး (၁) ဦးနှင့်အမျိုးသား (၃) ဦးဒဏ်ရာရရှိထားသည်ဟုလည်း ဒေသတွင်းသတင်းဖော် ပြချက်များအရ သိရသည်။

ပြီးခဲ့သည့်၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ကော့ကရိတ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် ကော့ကရိတ်မြို့ရှိ ဒေသခံများအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ ရွာလုံးကျွတ်ပြောင်းရွေ့ခဲ့ရသေးသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here