ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တီလားဗီးယား ပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့

0
206

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း တီလားဗီးယားပိဿာချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်၏ ပြောပြချက်အရ သိရသည်။

ပန်းတနော်မြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များသည် ဒေသထွက်ရေထွက်ကုန်ပစ္စည်းများကို ဝယ်ယူ၍ စနစ်တကျသန့်စင်ထုပ်ပိုးကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ထိုသို့ တင်ပို့ရောင်းချရာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်မှ (၂၉) ရက်ထိ တစ်လအတွင်း တီလားဗီးယားပိဿာ ချိန် ၇၁၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်က ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အဓိက တင်ပို့ရောင်းချလျက်ရှိကြောင်း ရန်ကုန်ဈေးကွက်သည် တီလားဗီးယားငါးများ ဝယ်ယူမှုကောင်းနေသည့်အတွက် ပိဿာချိန်တော်တော်များများ တင်ပို့ရောင်းချခဲ့ရကြောင်း သိရသည်။

အဆိုပါ ပန်းတနော်မြို့နယ်မှ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေသည့် တီလားဗီးယားတစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ ထိ ဈေးပေါက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here