Online Trading Platform မှတဆင့် ထိုင်းဘတ် သန်း ၅၀ ထပ်မံရောင်းချပေးမည်

0
204

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ Online Trading Platform မှတဆင့် ထိုင်းဘတ် သန်း ၅၀ ကို လာမည့် မတ်လ (၁၁) ရက်တွင် ထပ်မံရောင်းချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ထိုင်းဘတ် သန်း (၅၀) ကို ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် ထုတ်ရောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၅)ရက်ကလည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတဆင့် တရုတ်ယွမ် (၇) သန်းနှင့် ထိုင်းဘတ် (၁၂)သန်း ရောင်းချပေးထားသည်။

ထို့အပြင် မတ်လ (၄)ရက်တွင်လည်း နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ (၁၀)သန်းနှင့် ထိုင်းဘတ်သန်း (၂၀၀) ကို‌ ထုတ်ရောင်းပေးထားသည်။

အလားတူ ဇန်နဝါရီ (၁)ရက်တွင် အမေရိကန်ဒေါ်လာ (၄) သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားပြီး၊ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးထားကာ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများအတွက် ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရောင်းချပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တစ်ဒေါ်လာ ၃၆၀၀ ကျော်တွင်ရှိနေပြီး ထိုင်းငွေလဲနှုန်းသည် ၁၀၁ ကျပ်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here