မော်စကိုမြို့တော်ကို အစွန်းရောက်တွေ တိုက်ခိုက်လာနိုင်ခြေရှိနေပြီး လူစည်ကားရာနေရာတွေကို ရှောင်ရှားကြဖို့ အမေရိကန်ကသူ့နိုင်ငံသားတွေကို တိုက်တွန်း

0
157

မော်စကိုမြို့တော်မှာ အကြ-မ်းဖက်တိုက်ခိုက်မှု ဖြစ်လာနိုင်ခြေ စိုးရိမ်ဖွယ် မြင့်မားနေတာကြောင့် ယင်းမြို့ရှိ အမေရိကန်နိုင်ငံသားတွေအနေနဲ့ သောကြာနဲ့ စနေနေ့တွေမှာ လူစည်ကားရာနေရာတွေကို သွားလာခြင်း မပြုကြဖို့ သတိပေးခဲ့ကြောင်း သိရပါတယ်။

ဖျော်ဖြေပွဲတွေအပါအဝင် မော်စကိုမှာ ကြီးမားတဲ့ လူစုလူဝေးနေရာတွေကို ပစ်မှတ်ထားမယ့် အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုအစီအမံဆိုင်ရာ အစီရင်ခံချက်တွေကို စောင့်ကြည့်နေကြောင်းနဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ နောက် ၄၈ နာရီအတွင်း လူစုလူဝေးနေရာတွေကို ရှောင်ရှားကြဖို့ အကြံပြုတိုက်တွန်းကြောင်း ရုရှားမြို့တော်ရှိ အမေရိကန်သံရုံးက ပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ ဒေသတွင်း မီဒီယာတွေရဲ့ အချိန်နဲ့တပြေးညီ သတင်းဖော်ပြချက်တွေကို စောင့်ကြည့်ကြဖို့ လူအုပ်စုနေရာတွေကို မသွားလာကြဖို့နဲ့ မိမိတို့ ပတ်ဝန်းကျင်ကို ဂရုပြုကြဖို့ အွန်လိုင်းသတင်းထုတ်ပြန်ချက်တစ်ခုမှာလည်း ဖော်ပြခဲ့ပါတယ်။

ရုရှားမြို့တော်ကို ဘယ်သူတွေက ဘယ်လို ခြိမ်းခြောက်မှုရှိနေသလဲဆိုတာနဲ့ ဘယ်လိုပုံစံ တိုက်ခိုက်မှုဖြစ်လာနိုင်သလဲဆိုတဲ့အပေါ်ကိုတော့ သံရုံးက အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပါဘူး။

သို့ပေမယ့် ကြာသပတေးနေ့က ရုရှား FSB လုံခြုံရေးဋ္ဌာနက ပြောဆိုရာမှာတော့ အိုင်အက်စ်အကြ-မ်းဖက်အဖွဲ့ရဲ့ အာဖဂန်အဖွဲ့ခွဲတစ်ခုက မော်စကိုအနောက်တောင်ဘက် ကာလူဂါဒေသရှိ ဘုရားကျောင်းတစ်ခုအား တိုက်ခိုက်မယ့် အစီအစဉ်ကို တားဆီးချေဖျက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

နိုင်ငံတကာ အိုင်အက်စ် အကြ-မ်းဖက်အဖွဲ့အစည်းဆိုင်ရာ အာဖဂန်အဖွဲ့ခွဲရဲ့ အဖွဲ့တစ်ခုက ကာလူဂါဒေသပိုင်နက်မှာလုပ်ဆောင်မယ့် အစီအမံတစ်ခုကို ဟန့်တားခဲ့ကြောင်းနဲ့ ယင်းအဖွဲ့သားတွေဟာ မော်စကိုရှိ ဂျူးဘာသာရေးဋ္ဌာနတွေကို အကြ-မ်းဖက်တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေတာဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုမှာ FSB က ပြောဆိုခဲ့ပါတယ်။

Ref: NBC News


LEAVE A REPLY

Please enter your comment!
Please enter your name here