လားရှိုးမြို့၊ ပေါ်တော်မူ သီရိသျှီဝဘုရားကျောင်း (ရှန်ခိုက်) ပွဲတော် ကျင်းပပြုလုပ်

0
283

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့တွင် ယမန်နေ့ မတ်လ (၈)ရက်က စတင်၍ နာမည်ကျော် ပေါ်တော်မူ သီရိသျှီဝဘုရားကျောင်း(ရှန်ခိုက်) ပွဲတော်အား ကျင်းပပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

အဆိုပါ ပွဲတော်အား (၃)ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သော်လည်း ယခင်နှစ်များကဲ့သို့ ညအိပ်ပူဇော်ခွင့်ပေးမည်မဟုတ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပွဲတော်သို့ လာရောက်ကြသော ဧည့်သည်များအား ဒေသတွင်း ညမထွက်ရ အမိန့်ကြောင့် ညအိပ်ခွင့်မပြုဘဲ နေချင်းပြန်သာ ဖူးခွင့်ပြုထားပြီး ပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးများအား ဘုရားကျောင်းတော်မှ ညနေ (၄)နာရီ နောက်ဆုံးထား၍ ပြန်လည်ထွက်ခွာရန် အသိပေး နှိုးဆော်ထားသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် သီရိသျှီဝဘုရားကျောင်း(ရှန်ခိုက် )ပွဲတော်သည် (၁၁၁)ကြိမ် မြောက် ဖြစ်ပြီး ပွဲတော်သို့ရောက်ရှိလာသည့် ဘုရားဖူးဧည့်သည်တော်များအား သက်သတ်လွတ် ထမင်းနှင့်ဟင်းများ ‌ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် ၁၉ ကာလ မတိုင်ခင်အချိန်က ပွဲတော်အား အနယ်နယ်အရပ်ရပ်ရှိ ဟိန္ဒူ ဘာသာဝင်များ လာရောက်၍ ဆီးမီးပူဇော်ခြင်း ၊ အဓိဌာန်ဝင်ခြင်းများပြုလုပ်ခဲ့ကြပြီး ၊ ပျော်ပွဲရွှင်ပွဲအနေဖြင့် နိုင်ငံကျော်အဆိုတော်များ၊ အိန္ဒိယမှနိုင်ငံနာမည်ကြီး အဆိုတော်များ လာရောက်ဖျော်ဖြေလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here