ပြည်မြို့ကမ်းနားလမ်းရှိ၊ ဟိုတယ် တစ်ခုတွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရ

0
112

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ ပြည်ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွားရာ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

မတ်လ (၉)ရက်၊ နေ့လယ် (၁၁)နာရီအချိန်ခန့်က ပြည်မြို့၊ ကမ်းနားလမ်းရှိ၊ ပြည်ဟိုတယ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ပြည်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၁၂)စီး၊ ပရဟိတအသင်းယာဉ်(၂)စီးနှင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“ပြည်မြို့၊ ကမ်းနားလမ်းက ပြည်ဟိုတယ်မှာ မီးလောင်မှုဖြစ်လို့ ရေပိုက်ခေါင်းနဲ့ ရို-က်မိပြီး အမျိုးသား လူနာတစ်ဦးကို လိုအပ်တာတွေ ပြုစုကူညီပေးပြီး အရေးပေါ်ဆေးကုသမှုခံယူဖို့ ပုဂ္ဂလိကဆေးခန်းကို ပို့ပေးခဲ့ပါတယ်။”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ တာဝန်ရှိသူက ဆိုသည်။

ထိုသို့ ငြှိမ်းသတ်ရာ နေ့လယ် (၁၁)နာရီ၊ မိနစ် (၂၀) အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်အရ မီးသတ်တပ်ဖွဲ့မှ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here