ဂါဇာမှာ လေကြောင်းက အကူအညီပစ္စည်းချပေးမှုအတွင်း လူငါးဦး ‌ေ-သဆုံး

0
134
Aid parcels are airdropped over the northern Gaza Strip on March 8, 2024, amid the ongoing conflict between Israel and the Hamas movement. - The US military said it carried out a fresh aid airdrop of aid into Gaza on March 7, its third in less than a week. Jordan's military said aircraft from Belgium, Egypt, France and the Netherlands had also taken part in the latest US-Jordanian operation. The UN's World Food Programme warned the volume of aid that could be airdropped would do nothing to avert famine in Gaza. (Photo by AFP)

ဂါဇာမြောက်ပိုင်းဒေသမှာ လူသားချင်း စာနာမှု အကူအညီပစ္စည်းတွေ လေကြောင်းက ချပေးခဲ့မှုအတွင်း လူ ငါးဦး ‌ေ-သဆုံးကာ ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာရဲ့ အကြီးဆုံးဆေးရုံမှ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက သောကြာနေ့မှာ ပြောဆိုခဲ့ပါတယ်။

‌ေ-သဆုံးဒဏ်ရာရသူတွေကို ဂါဇာစီးတီးရဲ့ အယ်ရှီဖာဆေးရုံကို ပို့ဆောင်ပေးထားကြောင်း အရေးပေါ်ဋ္ဌာနဆိုင်ရာ သူနာပြုအကြီးအကဲ မိုဟာမက် အယ်ရှိတ်က AFP ကို ပြောဆိုခဲ့ပါတယ်။ ကမ်းရိုးတန်းဒေသ အယ်ရှာတီဒုက္ခသည်စခန်းမြောက်ဖက်နေရာမှာ အခင်းဖြစ်ရပ်ဖြစ်ပွားခဲ့တာလို့ ရှိတ်က ပြောဆိုပါတယ်။

သူနဲ့ ညီဖြစ်သူတို့ဟာ ဂျုံမှုန့်အိတ်လိုချင်တာကြောင့် အကူအညီပစ္စည်းပါ လေထီးတွေနောက်လိုက်ခဲ့ကြကြောင်း အခင်းဖြစ်ရပ်ကို မျက်မြင်တွေ့ခဲ့ကြတဲ့ ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက AFP ကို ပြောဆိုခဲ့ပါတယ်။ ယင်းမှာ လေထီးတွေ မပွင့်ခဲ့ဘဲ ဒုံးပျံတစ်စင်းလို အိမ်တစ်အိမ်ရဲ့ အမိုးပေါ် ရုတ်တရက် ပြု-တ်-ကျသွားတာကို မြင်ခဲ့ရတယ်လို့ ၎င်းက ဆိုပါတယ်။

ဆယ်မိနစ်လောက်အကြာမှာတော့ အကူအညီပစ္စည်းအထုပ်တွေ ပြုတ်ကျခဲ့ရာ အိမ်မှ ‌ေ-သဆုံးသူတွေနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို တာဝန်ရှိသူတွေထံ ဒေသခံတွေက လွှဲပြောင်းပေးလိုက်တာတွေ့ရကြောင်း အသက် ၅၀ အရွယ် အဆိုပါ အမျိုးသားက ပြောဆိုခဲ့ပါတယ်။ ပစ္စည်းတွေထုပ်တွေ ပြုတ်ကျလာချိန်က ယင်းလူတွေဟာ အိမ်အမိုးပေါ်မှာ ရှိနေခဲ့ကြတာလို့ ၎င်းက ဆိုပါတယ်။

စစ်ပွဲ ငါးလကျော်ကြာပြီးနောက် ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂါဇာမြောက်ပိုင်းမှ ထောင်ပေါင်းများစွာသော ပြည်သူတွေအတွက် လေကြောင်းကနေ အကူအညီပစ္စည်းတွေ ချပေးနေတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နဲ့ ဂျော်ဒန်နိုင်ငံတို့လည်း ပါဝင်ပါတယ်။

လေကြောင်းကနေ အကူအညီပစ္စည်းတွေချပေးတဲ့ နည်းလမ်းဟာ အချည်းအနှီးဖြစ်ပြီး ဂါဇာသို့ အကူအညီတွေ ဝင်ရောက်နိုင်ရေး အကောင်းဆုံးနည်းလမ်း မဟုတ်ဘူးလို့ သောကြာနေ့ရဲ့ လူ ငါးဦး ‌ေ-သဆုံးခဲ့ရမှုကို ရည်ညွှန်းကြီး ဟားမတ်စ်အုပ်ချုပ်ရာ ဂါဇာ အစိုးရမီဒီယာရုံးက ပြောဆိုခဲ့ပါတယ်။

လေကြောင်းက အကူအညီချပေးခြင်း သို့မဟုတ် ပင်လယ်ရေလမ်းကြောင်းကနေ အကူအညီပစ္စည်း ပေးပို့ရေး အဆိုပြုမှုဟာ ကုန်းလမ်းကပို့ဆောင်မှုတွေနေရာမှာ အစားထိုးနိုင်ခြင်း မရှိကြောင်းနဲ့ ဂါဇာကမ်းမြောင်ဒေသကို ကုန်တင်ယာဉ်တွေ နယ်စပ်ဖြတ်ကျော် ပိုမိုဝင်ရောက်နိုင်ရေး ခွင့်ပြုချက်ပေးဖို့ ကုလသမဂ္ဂက ပြောဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here