မတ် (၁၅) ရက် နောက်ပိုင်းတွင် နေ့အပူချိန်များ မြင့်တက်လာနိုင်၍ သက်ကြီးရွယ်အိုများ သတိနဲ့နေပါ

0
210

မတ်လ (၁၅) ရက် နောက်ပိုင်းမှ စတင်၍ တိုင်းနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ မြင့်တက်လာနိုင်သောကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အထူးသတိထားကြရန် မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က အသိပေးပြောဆိုထားသည်။

ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသအချို့တွင် မတ်လ (၁၅) ရက်နောက်ပိုင်းမှ စတင်ကာ နေ့အပူချိန်များ မြင့်တက်လာနိုင်ပြီး အမြင့်ဆုံးအပူချိန် ၄၀°C အထက်(ခရမ်းရောင်)ဖြစ်လာနိုင်မည်ဟု ၎င်းက ရေးသားထားသည်။

ယင်းကဲ့သို့ အပူချိန်များ မြင့်လာပါက Heat Stroke ဖြစ်ပြီး အသက်ဆုံးရှုံးရမှုများ ဖြစ်လာနိုင်သည့်အတွက် အပူပြင်းလာနိုင်သည့် ဒေသများမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ အထူးသတိထားကြစေရန် လိုအပ်ကြောင်း ဦးဝင်းနိုင်က အသိပေးထားသည်။

“ ဧပြီလက အပူဆုံးလ ၊ နေရာတချို့မှာ အပူချိန် ၄၀ ကျော်တွေ ဖြစ်ပါလိမ့်မယ်လို့လည်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုမှ ဆောင်းအကုန်၊ နွေအကူးရာသီပြောင်းကာစ ကာလဖြစ်တာကြောင့် ညအအေးဓါတ်က နေ့အပူချိန်ကို မသိမသာလျော့ကျအောင် လုပ်နိုင်နေဆဲပါပဲ။ ညအပူချိန်တွေ တိုးလာပြီး ညဘက်အအေးပေါ့လာပြီးတဲ့နောက်မှာတော့ နေ့အပူချိန်တွေကို လျော့ကျအောင်ထိန်းပေးထားနိုင်မဲ့ အအေးဓါတ်လဲ မရှိသလောက်ဖြစ်လာပါလိမ့်မယ်။”ဟု ၎င်းက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here