ရန်ကုန်သင်္ကြန်ကျင်းပရန်အတွက် စတင်စီစဉ်နေပြီ

0
152

ရန်ကုန်မြို့တော်ခန်းမတွင်” ရန်ကုန်မြို့တော် မဟာသင်္ကြန်’ မဏ္ဍပ်ထားရှိပြီး ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များမှ ဖျော်ဖြေတင်ဆက်မှုများ၊ ယိမ်းအကများဖြင့် ရန်ကုန်သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် (၈) ရက်တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ခရိုင်အလိုက် ရေကစားမဏ္ဍပ်များ၊ ယိမ်းအကအလှ ဖျော်ဖြေမှုများ၊ ဆုချီးမြှင့်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)က ဆိုသည်။

မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊ သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှု အကအလှ ဖျော်ဖြေမှုများအပါအဝင် တက္ကသိုလ်အဆင့်၊ အခြေခံပညာအဆင့်၊မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊ အလွတ်တန်း အဆင့်အလိုက် (၁၂ )ဦး၊ (၁၆) ဦး၊ (၂၀) ဦးယိမ်းပြိုင်ပွဲများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက ဖျော်ဖြေမှုများပါ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here