ယူကရိန်း-ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲအား အာဒိုဂန်က အိမ်ရှင်အဖြစ်လက်ခံကျင်းပရန်ကမ်းလှမ်း

0
143

အစ္စတန်ဘူလ်၊မတ် ၉

ယူကရိန်းသမ္မတ ဇလန်းစကီးနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှား – ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အဆင်သင့်ရှိနေကြောင်း တုကီယေးသမ္မတ အာဒိုဂန်ကပြောကြားခဲ့သည်။

တစ်နာရီခန့်ကြာသည့် ၎င်းတို့နှစ်ဦး၏တွေ့ဆုံမှုတွင် အာဒိုဂန်နှင့် ဇလန်းစကီးတို့သည် ယူကရိန်း-ရုရှားစစ်ပွဲ၏ဖြစ်ပေါ်တိုးတက်မှုများ၊ပျက်သွားသောဂျုံတင်ပို့မှုသဘောတူညီချက်အပါအဝင် ပင်လယ်နက်အတွင်း ပို့ဆောင်မှုလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် တုကီယေးသည် ယူကရိန်း၏ အချုပ်အခြာအာဏာတည်မြဲရေးကိုထောက်ခံသကဲ့သို့ ရုရှားနှင့်လည်း အခင်မင်မပျက်ဆက်ဆံပြောဆိုခဲ့ပြီး ပင်လယ်နက်ဂျုံတင်ပို့မှုသဘောတူညီချက်၏ အ‌ဓိကကြားဝင်ဆောင်ရွက်ပေးသူတစ်ဦးလည်းဖြစ်ခဲ့သည်။

“စေ့စပ်ညှိနှိုင်းမှုအပေါ် အခြေခံတဲ့ စစ်ပွဲရပ်တန့်ရေးအတွက် ကျွန်တော်တို့ အစွမ်းကုန်ပံ့ပိုးပေးနေပါတယ်။ ရုရှားလည်းတက်ရောက်မယ့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပဖို့အဆင်သင့်ပါပဲ” ဟုလည်းသမ္မတအာဒိုဂန်ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here