တောင်ကိုရီးယားတောင်ဘက်ကမ်းရိုးတန်း၌ ငါးဖမ်းလှေန-စ်မြု-ပ်ရာမှလူ ၇ ဦးပျောက်ဆုံးနေ

0
119

ဆိုးလ်၊မတ် ၉

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း၊ပင်လယ်ကမ်းခြေရှိ တုံဂျီအွန်ကျွန်း ကမ်းရိုးတန်းရေပြင်တွင် မတ်လ ၉ ရက် နံနက်က လူကိုးဦးလိုက်ပါလာသော ငါးဖမ်းစက်လှေတစ်စီးတိမ်းမှော-က်ခဲ့ရာ ခုနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

အလေးချိန် ၂၉ တန်ရှိ အဆိုပါရေယာဉ်ပေါ်၌ တောင်ကိုရီးယားနိုင်ငံသားနှစ်ဦးနှင့် အင်ဒိုနီးရှားနိုင်ငံသား ခုနှစ်ဦးတို့လိုက်ပါလာစဉ် တုံဂျီအွန်ကျွန်း တောင်ဘက် ၆၈ ကီလိုမီတာအကွာ၌ မတ်လ ၉ ရက် နံနက် ၆ နာရီ ၂၉ မိနစ်တွင် တိမ်းမှော-က်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ကြသည်။

သင်္ဘောသားနှစ်ဦးအား ရေယာဉ်အတွင်း သတိလစ်လျက်ပြန်လည်တွေ့ရှိခဲ့ကာ ဆေးရုံသို့ပို့ပေးခဲ့ရပြီး ၎င်းတို့သည် မည်သည့်နိုင်ငံသားများဖြစ်သည်ကို လောလောဆယ်တွင်မသိရသေးပေ။ကျန်သင်္ဘောသား ခုနှစ်ဦးမှာမူ ပြန်လည်မတွေ့ရှိသေးဘဲ ပျောက်ဆုံးနေခြင်းလည်းဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့မှ ကင်းလှည့်သင်္ဘော ၁၁ စီး၊ တောင်ကိုရီးယားရေတပ်မှ သင်္ဘောနှစ်စီးနှင့် ရဟတ်ယာဉ်ငါးစီးတို့ကရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့်နေရာတဝိုက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြဆဲဟုလည်းသိရသည်။

အဆိုပါတိမ်းမှောက်သည့်ရေယာဉ်သည် နိုင်ငံတောင်ပိုင်း အပန်းဖြေကျွန်းဖြစ်သည့် ဂျီဂျူးမှ မတ်လ ၈ ရက် နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် ထွက်ခွာလာခဲ့ခြင်းဟုလည်းသိရသည်။

Source : Haberler


LEAVE A REPLY

Please enter your comment!
Please enter your name here