ယနေ့ ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော် စတင်ကျင်းပ

0
153

ယနေ့မတ်လ (၁၀) ရက်တွင် ဆံတော်ရှင်မြတ်မော်တင်စွန်း ဘုရားပွဲတော် စတင်ပြီဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့ ၊မော်တင်စွန်း အငူ၌ တည်ရှိသော ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို မတ်လ (၁၀) ရက်မှ (၂၄) ရက်အထိ (၁၅) ရက်ကြာ စည်ကားစွာကျင်းပရန် စီစဉ်ထားကြောင်း စေတီဂေါပကအဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။

မော်တင်စွန်း တွင် နှစ်စဉ် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပြီး ကိုဗစ်ကာလတွင်သာ အကျဉ်းချုံးကျင်းပခဲ့ခြင်းဖြစ်သည်။

ဘုရားပွဲတော်ကာလအတွင်းခရီးသွားလာမှု လွယ်ကူစေရန်အတွက် ရန်ကုန်မြို့ မော်တင်ဆိပ်ကမ်းနှင့် ဘုန်းကြီးလမ်းဆိပ်ကမ်းတို့မှ လုံခြုံစိတ်ချရသည့် ကမ်းရိုးတန်းသွားရေယာဉ်များ စီစဉ်ဆောင်ရွက်ပေးထားသလို စင်းလုံးငှားလေအိတ်မှန်လုံ မော်တော်ယာဉ်များဖြင့်လည်း စေတီတော်တည်ရှိရာ တောင်ခြေအထိတိုက်ရိုက်သွားလာဖူးမြော်နိုင်အောင် စီစဉ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here