မရမ်းကုန်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အိမ်စီးကား(၁)စီး မီးလောင်မှုဖြစ်ပွား

0
129

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ အုတ်ပုံဆိပ်လမ်းတွင် ယနေ့ မတ်လ (၁၀)ရက်၊ နံနက် (၁၁)နာရီ (၁၂)မိနစ်အချိန်ခန့်က အိမ်စီးကား(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း အနီးနားဝန်းကျင်ရှိ ပြည်သူများထံမှ သိရသည်။

အဆိုပါ ကားမီးလောင်မှုကို အနီးနားဝန်းကျင်ရှိ ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေး အဖွဲ့များမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် (၁၁)နာရီခွဲခန့်အချိန်တွင် မီးငြိမ်းခဲ့သည်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဖော်ပြထားသည့် အချက်အလက်များအရ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လ (၁၀) ရက် အထိ နိုင်ငံတစ်ဝန်းတွင် ကားမီးလောင်မှု (၁၆) ကြိမ် အထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟုဖော်ပြထားသည်။

အဆိုပါ ကားမီးလောင်မှုများတွင် ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here