အနောက်အုပ်စုသည် ပူတင်ကို အနိုင်ယူရန် ကြိုးပမ်းမှုတွင် အလုံးစုံစစ်အင်အားသုံးရေး မူဝါဒ ကျင့်သုံးနေဟုဆို

0
132

အနောက်နိုင်ငံများသည် ရုရှားကို အနိုင်ယူရန် ကြိုးပမ်းမှုတွင် ၎င်းတို့၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ကာ  အလုံးစုံ စစ်အင်အားသုံးရေး မူဝါဒကို ကျင့်သုံးနေကြောင်း ဆားဘီးယားသမ္မတ Aleksandar Vucic က ပြောကြားခဲ့သည်။

“အခုဖြစ်နေတာက ရူးသွပ်မှုပါပဲ။ ရုရှားသမ္မတပူတင်ကို လွယ်လွယ်နဲ့ ရှုံးနိမ့်လိမ့်မယ်လို့ အားလုံးက ထင်နေကြတယ်။ အခု သူတို့ထင်သလို မဟုတ်ဘူးဆိုတာ သူတို့မြင်နေရပြန်ပြီ” ဟု Vucic က ပြောသည်။

လက်ရှိ လမ်းကြောင်းသည် အလုံးစုံ စစ်အင်အားသုံး အသွင်ကူးပြောင်းရေးသို့ ဦးတည်နေပြီး ကဏ္ဍတိုင်းတွင် စစ်အင်အားတိုးမြှင့်မှု ငါးဆ တိုးလာနေသည် ဟုလည်း သူကပြောသည်။ ဘဲလ်ဂရိတ် စစ်ဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်သို့ လာရောက်လည်ပတ်ပြီး ခင်းကျင်းပြသထားသည့် လက်နက်များကို စစ်ဆေးနေစဉ် မီဒီယာက မေးမြန်းခြင်းကို သူက ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆားဘီးယားသမ္မတသည် ကာကွယ်ရေးဝန်ကြီး Milos Vucevic နှင့်အတူ ဆားဘီးယားလက်နက်ကိုင်တပ်ဖွဲ့များ၏ လက်နက်အသစ်များကို စစ်ဆေးခဲ့သည်။ မောင်းသူမဲ့လေယာဉ်များနှင့် အခြားလက်နက်များ တိုးမြှင့်ထုတ်လုပ်ရန် အရေးကြီးကြောင်းကိုလည်း သူက မှတ်ချက်ပြုခဲ့သည်။

လက်ရှိအခြေအနေအရ အနောက်နိုင်ငံများအနေဖြင့် ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ စေလွှတ်ခြင်းမပြုသင့်ကြောင်းနှင့် ထိုသို့စေလွှတ်ပါက ပဋိပက္ခများ ပိုမိုပြင်းထန်လာမည့် အန္တရာယ်ရှိနေကြောင်းကို သမ္မတ Vucic က ယခင်ကတည်းက အလေးပေးပြောကြားခဲ့ဖူးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here