ဆီဘောက်ဆာကား မီးလောင်ရာမှ ဓါတ်ဆီဆိုင်သို့ ကူးစက်လောင်ကျွမ်း

0
157

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်းမဘေးတွင်
ယနေ့ မတ်လ (၁၀)ရက် ညနေ (၅)နာရီ (၂၂)မိနစ်အချိန်ခန့်က ဆီဘောက်ဆာယာဉ် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ Level 1 ယာဉ်အုပ်စု ကနဦး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ဆာမီးလောင်ကျွမ်းရာမှ တဆင့် ဓါတ်ဆီဆိုင်သို့ ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ရာ ညနေ (၅)နာရီ (၄၂)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ ည (၆)နာရီ (၁၇)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည (၆)နာရီ (၂၁)မိနစ်အချိန်တွင်  မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ပျက်စီး ဆုံးရှုံးမှုနှင့် အသေးစိတ် အချက်လက်များကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မတ်လ (၆) ရက်နေ့ကလည်း ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ဆီဘောက်ဆာ ယာဉ်တစ်စီး ဓါတ်ဆီဆိုင်ရှေ့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ယာဉ် (၁၀)စီးဖြင့် အချိန်(၁)နာရီခန့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here