အင်ဒိုနီးရှားမှာ ရေကြီး မြေပြိုမှုတွေကြောင့် လူ ၁၉ ဦး‌ေ-သဆုံးကာ ၇ ဦး ပျောက်ဆုံးလျက်ရှိ

0
90

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမာတြားပြည်နယ်မှာ ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး လူ ၁၉ ဦးထက်မနည်း ‌ေ-သဆုံးကာ ၇ ဦး ပျောက်ဆုံးလျက်ကြောင်းနဲ့ လူဦးရေ ၇၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းစေခဲ့ရကြောင်း အာဏာပိုင်တွေက တနင်္ဂနွေနေ့(မတ် ၁၀) မှာ ပြောဆိုပါတယ်။

ပြည်နယ်မြို့တော် ပါဒန်းနဲ့ အခြားဒေသ ရှစ်ခုမှာ ကြာသပတေးနေ့က စတင်ခဲ့တဲ့ သဘာဝဘေးတွေကြောင့် အိမ်ခြေ ၇၀၀ နီးပါး၊ တံတားတွေ၊ စာသင်ကျောင်းတွေနဲ့ စိုက်ပျိုးမြေ ၁၁၃ ဟက်တာခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား ကယ်ဆယ်ရေးအေဂျင်စီက ကယ်ဆယ်ရေးလုပ်သား ၁၅၀ နဲ့အတူ ပျောက်ဆုံးလျက်ရှိသူတွေကို ရှာဖွေမှုတွေလုပ်နေပြီး မြေပြိုမှုဖြစ်ပြီးနောက် လမ်းတွေ ပိတ်ဆို့ကုန်တာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေ အဟန့်အတားဖြစ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

“ဒီနေ့ရှာဖွေမှုတွေမှာတော့ သဘာဝဘေးအေဂျင်စီ အသီးသီးက ကယ်ဆယ်ရေးသမား ၁၅၀ ပါဝင် ဆောင်ရွက်နေပါတယ်” လို့ ပြည်နယ် ကယ်ဆယ်ရေးအသင်းအကြီးအကဲ အဗ္ဗဒူလ် မာလစ်က ထုတ်ပြန်ချက်မှာ ပြောဆိုပါတယ်။

ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားသူတွေကို နီးစပ်ရာ ဗလီတွေမှာ စုစည်းထားရှိပေမယ့် ယာယီခိုလှုံရေးစခန်းတွေ ထူထောင်ထားခြင်း မရှိကြောင်း အင်ဒိုနီးရှား သဘာဝဘေး အေဂျင်စီ BNPB ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုပါတယ်။ ၎င်းတို့တွေကို အစားအစာ၊ ရေနဲ့ ဆေးဝါးတွေ ပံ့ပိုးထားပြီး အချို့လူတွေကတော့ ရေတွေပြန်ကျသွားလို့ နေအိမ်တွေဆီ ပြန်သွားကြတယ်လို့လည်း ဆိုပါတယ်။

ပါဒန်းမြို့ရဲ့ နေရာအများစုဟာ ရေလွှမ်းနေဆဲဖြစ်ပြီး Padang Pariaman ဧရိယာမှာ မီတာ ၅၀ ကျယ်တဲ့ မြေပြိုမှုဖြစ်ပွားခဲ့တာကြောင့် လမ်းတွေ ပိတ်ဆို့လျက်ရှိတယ်လို့ အဗ္ဗဒူလ်က ဆက်လက်ပြောဆိုပါတယ်။ နောက်ရက်တွေမှာလည်း မိုးထပ်မံရွာသွန်းမယ်လို့ မျှော်လင့်ရပြီး ရေကြီး မြေပြိုမှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ အေဂျင်စီက သတိပေးခဲ့ပါတယ်။

ပြီးခဲ့သည့်နှစ်ကလည်းယခုလိုရက်မျိုးတွင် မိုးများ၍မြေပြိုမှု အကြီးကျယ်ဖြစ်ပွားခဲ့သေးသလို၂၀၂၁ ကလည်း ဂျာဗားအနောက်ဖက်တွင်ဖြစ်ပွားခဲ့ပါသေးတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here