တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို

0
164

စနစ်သစ် သင်ရိုးဖြင့် ပထမဆုံးအကြိမ်အနေဖြင့် ဖြေဆိုရမည့် Grade 12 (တက္ကသိုလ်ဝင်တန်း) စာမေးပွဲများ ယနေ့ နံနက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်ဖြေဆိုနေပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၌ ကျောင်းသား၊ ကျောင်းသူ ၁၈၉၅၁ ယောက် ဖြေဆိုသွားမည်ဖြစ်ပြီး ပြင်ပဖြေဆိုသူ ၂၅၀၉ယောက် ပါဝင်ကာ စာစစ်ဌာန (၇၃) ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ဆေးဝါး ကုသမှုခံယူနေကြရသည့် ကျောင်းသား၊ ကျောင်းသူများနစ်နာမှုမရှိစေရန် ရန်ကုန်ရှိ ဆေးရုံစာဖြေဌာန (၄) ခု ကိုလည်း ဖွင့်လှစ်ပေးထားသည်။
‌‌‎
ယနေ့မတ်လ (၁၁) ရက်တွင် မြန်မာစာဘာသာကို စတင်ဖြေဆိုနေပြီဖြစ်ပြီး မတ်လ (၁၂)ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ (၁၃) ရက်တွင် သင်္ချာ၊ မတ်လ (၁၄) ရက်တွင် ဓာတုဗေဒ/ပထဝီဝင်၊ မတ်လ (၁၅) ရက်တွင် ရူပဗေဒ/သမိုင်း၊ မတ်လ (၁၆) ရက် ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်တို့ကို ခြောက်ဘာသာလုံး နားရက် မရှိဆက်တိုက်ဖြေဆိုရမည်ဖြစ်သည်။

ထို့နောက် မတ်လ (၁၇) ရက်တွင် တစ်ရက်ပိတ်ကာ မတ်လ (၁၈) ရက်တွင် လူမှုရေးသိပ္ပံနှင့် မတ်လ (၁၉) ရက်တွင် စိတ်ကြိုက်မြန်မာစာတို့ကို ဖြေဆိုရမည့်ရက်အလိုက် နံနက် (၉) နာရီမှ (၁၂) နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here