နိုင်ငံပေါင်း (၁၆)နိုင်ငံ၏ရိုးရာများပြသသည့် International Fair ပြပွဲ မြန်မာဆင်နွဲ

0
173

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့၌ နိုင်ငံတကာမှ အစားအသောက်များနှင့် ရိုးရာယဉ်ကျေးမှု ဖလှယ်သည့် International Fair ပြပွဲသို့ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့်အတူ ကောင်စစ်ဝန်ချုပ်ရုံး မိသားစုများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကူမင်းမြို့ရှိ ကူမင်းအပြည်ပြည်ဆိုင်ရာအကယ်ဒမီ (Kunming International Academy)တွင် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ အစားအသောက်များနှင့် ရိုးရာယဉ်ကျေးမှုများဖလှယ်သည့် International Fair ပြပွဲကို မတ်လ(၉) ရက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြပွဲတွင် ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံး(၆)ရုံးအပါအဝင် နိုင်ငံပေါင်း (၁၆)နိုင်ငံမှ ဒေသအစားအသောက်များ၊ ရိုးရာဝတ်စားဆင်ယင်မှုများ၊ ရိုးရာအကများ၊ ရိုးရာယဉ်ကျေးမှု အနုပညာလက်ရာများနှင့် ရိုးရာဓလေ့အားကစားများကို ပါဝင်ပြသခဲ့ကြောင်း သိရသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် မြန်မာ့ရိုးရာ အစားအစာဖြစ်သည့် မုန့်ဟင်းခါး၊ မြန်မာလက်ဘက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာများဖြစ်သည့် ပန်းပုလက်ရာများ၊ ကျောက်စီပန်းချီလက်ရာများ ခင်းကျင်းပြသခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်းများတို့ဖြင့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here