ဂါဇာ၌‌ေ-သဆုံးခဲ့သူများအနက် အနည်းဆုံး ၁၃,၀၀၀ သည် အကြ-မ်းဖက်သမားများဖြစ်–နေတန်ယာဟု

0
157

အစ္စရေးဝန်ကြီးချုပ်က ဂါဇာကမ်းမြောင်ဒေသ၌ ဟားမတ်စ်များနှင့်ဖြစ်ပွားနေသည့် ပဋိပက္ခအတွင်း ‌ေ-သဆုံးခဲ့သည့် ပါလက်စတိုင်း ၃၁,၀၀၀ နီးပါးတွင် အနည်းဆုံး ၁၃,၀၀၀ သည် အကြ-မ်းဖက်သမားများဖြစ်ကြောင်းပြောကြားခဲ့သည်။ယခုကဲ့သို့ပြောကြားသဖြင့် အစ္စရေးနယ်မြေတောင်ပိုင်းတွင် ထိုးစစ်ကို ဆက်လက်လုပ်ဆောင်မည့် သဘောရှိသည်။

သို့သော် ဟားမတ်စ်၏ထုတ်ပြန်ချက်၌မူ ယင်းသို့‌ေ-သဆုံးသွားသူများအနက် ၇၂ ရာခိုင်နှုန်းသည် အမျိုးသမီးများနှင့်က-လေးငယ်များဖြစ်သည်ဟုဆိုခဲ့ပြီး အစ္စရေး၏ ထုတ်ပြန်ချက်ကို ငြင်းဆိုခဲ့သည်။

ဂျာမန်မီဒီယာကုမ္ပဏီနှင့် အင်တာဗျူးတွင် နေတန်ယာဟုက ဂါဇာတောင်ပိုင်းရှိ ရာဖက်ဖ်သို့ အစ္စရေး၏ ထိုးစစ်ကိုချဲ့ထွင်ရန်အရေးကြီးကြောင်းနှင့် ရာထက်ဖ်သည် ဟားမတ်စ်အားချေမှုန်းရန် အဓိကအချက်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

နေတန်ယာဟုကမူ ရာဖက်ဖ်သို့ထိုးစစ်ဆင်မည့် ၎င်း၏အစီအစဉ်အား လုံးဝလက်မလျှော့ဘဲ အကောင်အထည်ဖော်မည်ဟုဆိုကာ အောက်တိုဘာ ၇ ရက်ကစတင်ခဲ့သည့် ယခုကဲ့သို့ အဖြစ်အပျက်မျိုး၊နောက်ထပ် အောက်တိုဘာ ၇ ရက်များ ထပ်မရှိတော့သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဟုဆိုခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here