ထိုင်းနိုင်ငံရှိမြန်မာကျောင်းသားတစ်ဦး ခြောက်လွှာအမြင့်မှပြု-တ်-ကျ‌ေ-သဆုံး

0
204

ဘန်ကောက်၊မတ် ၁၁

ထိုင်းနိုင်ငံ၊ပထုန်ဌာနီပြည်နယ်မှ အဆောင်တစ်ခု၏ ခြောက်လွှာအမြင့်မှ အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာလူငယ်ကျောင်းသားတစ်ဦး ပြု-တ်-ကျ‌ေ-သဆုံးခဲ့မှုတစ်ခုသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် မတ်လ ၉ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အာဏာပိုင်များနှင့် ‌ေ-သဆုံးသူ၏အသိမိတ်ဆွေများမှ ယခုအချိန်ထိ အဖြေရှာရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး ‌ေ-သဆုံးသူသည် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့သွားရောက်ပညာသင်ကြားသူများကြား နာမည်ကြီးသည့် King Mongkut’s Institute of Technology Ladkrabang (KMITL) တက္ကသိုလ်တွင် ဖလှယ်ရေး အစီအစဉ်အရ တက်ရောက်ပညာသင်ကြားနေသူဖြစ်ကြောင်းသိရသည်။

‌ေ-သဆုံးသူသည် အသက် ၂၆ နှစ်အရွယ်ရှိ အောင်ချိုဦးဆိုသူမြန်မာနိုင်ငံသားဖြစ်ကာ ခုနစ်ထပ် အဆောက်အဦး၏ ခြောက်ထပ်မှအောက်ထပ်ကားပါကင်သို့ပြု-တ်-ကျပြီး ‌ေ-သဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာနေ့၌ အောင်ချိုဦးသည် ၎င်း၏သူငယ်ချင်းရှိရာအဆောင်မှ အခန်းအမှတ် ၃၆၁၆ ကို လာရောက်လည်ပတ်ခဲ့ကာ အဆိုပါအခန်းထဲတွင် သူငယ်ချင်း ၁၁ ယောက်ခန့်တူတူရှိနေကြခြင်းဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ၎င်းသည် ဝရံတာဆီသို့ ပြေးထွက်ကာ ခုန်-ချသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

၎င်း၏လုပ်ရပ်ကြောင့် အခန်းတွင်းရှိ အရက်အတန်အသင့်သောက်ထားသည့် ကျန်သူငယ်ချင်းများ သည် ထိတ်လန့်တုန်လှုပ်ခဲ့ရကာ ခုန်-ချရခြင်းအကြောင်းအရင်းကို နားမလည်နိုင်ဘဲ ဖြစ်ခဲ့ရသည်ဟု ထိုင်းသတင်းများတွင်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အား တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး ‌ေ-သဆုံးသူ၏အလော-င်းကို မှုခင်းဆေးပညာဌာနသို့ပို့ဆောင်ခဲ့ကာ ရုပ်အလေ-ာင်းအား ပြန်လည်လွှဲပြောင်းပေးရန်အတွက် ‌ေ-သဆုံးသူ၏မိဘများနှင့်ညှိနှိုင်းဆောင်ရွက်ပြီး အခင်းဖြစ်ပွားရာနေရာမှာရှိခဲ့သည့် သူငယ်ချင်းများနှင့်လည်း ထပ်မံတွေ့ဆုံမေးမြန်းမှုများပြုလုပ်သွားရန်ရှိကြောင်းသိရသည်။

Source : သည်ထိုင်းဂျား


LEAVE A REPLY

Please enter your comment!
Please enter your name here