ထိုင်း – မြန်မာ – လာအို နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် လုပ်ဆောင်မည်

0
172

အရှေ့တောင်အာရှနိုင်ငံများသည် ယခုအခါ ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး လေထုညစ်ညမ်းမူဖြစ်သည့်အထဲတွင် ပါဝင်လျှက်ရှိနေသည်။

မြန်မာနှင့် လာအိုရှိ တောင်သူများ မြေယာခုတ်ထွင် မီးရှို့မှုများကြောင့် ယခင်နှစ်က ထိုင်းနိုင်ငံတွင် လူပေါင်း ၂ သန်းကျော် အသက်ရှုကျပ်ကာ ဆေးရုံတင်ခဲ့ရကြောင်းသတင်းများတွင်ဖော်ပြခဲ့ဖူးသည်။

လေထုညစ်ညမ်းခြင်းကြောင့်နိုင်ငံများ၏ကျန်းမာရေးနှင့် ခရီးသွားလုပ်ငန်းကို ထိခိုက်လျှက်ရှိနေခြင်းဖြစ်သည်။

ထိုင်း – မြန်မာ – လာအို (၃) နိုင်ငံ နယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချနိုင်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၏ ပြောဆိုချက်အရ သိရသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မတ်လ (၁၀)ရက် မွန်းလွဲ (၁) နာရီက အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ဖြစ်ပေါ်မှုအခြေအနေများ၊ မီးလောင်မှုအရေအတွက် (Fire Hotspot) ဖြစ်ပေါ်မှု လျှော့ချရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်ရေး ဆောင်ရွက်မှု အခြေအနေများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းကိုက တင်ပြဆွေးနွေးခဲ့သည်။

ပတ်ဝန်းကျင် လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့် သတင်းထုတ်ပြန်ခြင်း၊ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နည်းပညာမျှဝေခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း၊ တောင်စောင်းစိုက်ပျိုးရေးစနစ် ကျင့်သုံးခြင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများကို စောင့်ကြည့်လေ့လာခြင်းစသည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနှင့် ပက်သက်၍ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းမိုင်တွင် တောမီးရှို့သူများကို သတင်းပေးနိုင်သူတိုင်းအား ဘတ် ၁ သောင်း ဆုချမည်ဟု ယခုရက်ပိုင်းအတွင်းကြေညာ ချက်ထုတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here