(၅၇)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပနိုင်ရေး ဆွေးနွေး

0
184

အာဆီယံ-ရီရတ်ဒ် ကော်မတီ၏ ၂၀၂၄ ခုနှစ်အတွက် ပထမအကြိမ်အစည်းအဝေးတွင် (၅၇)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံ-ရီရတ်ဒ် ကော်မတီ၏ ၂၀၂၄ ခုနှစ် အတွက် ပထမအကြိမ် အစည်းအဝေး (The 1st Meeting of the ASEAN Riyadh Committee -ARC) ကို ၂၀၂၄ ခုနှစ်၊ မတ်လ (၁၀) ရက်၊ နံနက် (၁၀)နာရီတွင် အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးသို့ မြန်မာသံအမတ်ကြီး ဦးတင်ယု တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အာဆီယံ-ရီရတ်ဒ် ကော်မတီ (ARC) ၏ ၂၀၂၃ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပြန်လည် သုံးသပ်ဆွေးနွေးခဲ့ကြပြီး ၂၀၂၄ ခုနှစ်အတွင်း ARC မှ အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ထားသည့်ဆော်ဒီအာရေဗျတက္ကသိုလ်ကျောင်းသား ကျောင်းသူများအကြား အာဆီယံနိုင်ငံများအကြောင်းအသိပညာနှင့် စိတ်ဝင်စားမှု ပိုမိုမြင့်မားလာစေရေးအတွက် ဆွေးနွေးပွဲတစ်ရပ် ကျင်းပရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် အာဆီယံနိုင်ငံ သံအမတ်ကြီးများနှင့် ဆော်ဒီအာရေဗျ ကုန်သည်များနှင့် ကူးသန်း ရောင်းဝယ်ရေး အသင်းတို့အကြား ဆွေးနွေးပွဲတစ်ရပ် ကျင်းပရေး၊ (၅၇)နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အလံတင်အခမ်းအနား ကျင်းပရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ASEAN Bazaar ၊Amazing ASEAN ဈေးပွဲတော်၊ အာဆီယံသံရုံး မိသားစုများအားကစားပွဲတော်နှင့် ASEAN Family Day စသည့် လှုပ်ရှားဆောင်ရွက်မှုများ ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှ‌ယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here