ပုပ်ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ‘အတုအယောင် ဖျန်ဖြေရေး’ အဖြစ် ဇလန်းစကီးဝေဖန်

0
180

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်ကို ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက အတုအယောင် ဖျန်ဖြေရေးအဖြစ် ဝေဖန်ကာ ပယ်ချလိုက်သည်။

“ဆုတောင်းခြင်းနှင့် ဆွေးနွေးခြင်း” ဖြင့် ယူကရိန်းစစ်တပ်ကို ပံ့ပိုးပေးသည့်အတွက် ယူကရိန်း ဘာသာရေးပုဂ္ဂိုလ်များကို ကျေးဇူးတင်ကြောင်းကိုမူ သူက ပြောကြားခဲ့သည်။ “ဒါက ကီလိုမီတာ ၂၅၀၀ အကွာက အတုအယောင်ဖျန်ဖြေပေးတာမျိုးနဲ့တော့ မတူပါဘူး”ဟု ဇလန်းစကီးက သူ၏ ညပိုင်း ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ယူကရိန်းအနေဖြင့် စေ့စပ်ညှိနှိုင်းရန်သတ္တိရှိသင့်ကြောင်းနှင့် လွန်ခဲ့သည့် ၂နှစ်ကစတင်ကာ လူပေါင်းသောင်းချီ‌ေ-သဆုံးခဲ့ပြီဖြစ်သည့် ရုရှား – ယူကရိန်းစစ်အားအဆုံးသတ်ရန်အတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်သင့်သည်ဟု ပုပ်ရဟန်းမင်းကြီးဖရန်စစ်က မကြာသေးမီက ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏ အဆိုပါပြောကြားချက်နှင့်ပတ်သက်၍ ယူကရိန်းတွင် ကိုယ်ပိုင်အလံရှိပြီး အလံဖြူထောင်ခြင်းကဲ့သို့သော အခြားအလံမျိုးကို လွှင့်တင်မည်မဟုတ်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရီ ကူလီဘာကလည်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here