တုရင်းတောင်တက်ကားလမ်းအဆင်းတွင် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှော-က်ရာ (၅)ဦး ထိခိုက်ဒဏ်ရာရ

0
110

တုရင်းတောင် ကားလမ်းအဆင်းတွင် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှော-က်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါသူများအနက်မှ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ တုရင်တောင်စွယ်တော်မြတ်စေတီ အတက်/အဆင်းလမ်းတွင် မတ်လ (၁၁)ရက်၊ နံနက် (၁၀)နာရီ (၁၀)မိနစ် အချိန်ခန့်က ယာဉ်(၁)စီး၊ တိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်ကို သတင်းရရှိသဖြင့် ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အမှတ်(၅) အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းမှ ယာဉ် (၂)စီး၊ Bagan Rescue အသင်းမှ အဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၆)ဦး၊ အမျိုးသမီး (၆)ဦး စုစုပေါင်း (၁၂)ဦးအနက် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့် အတွက် ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here