စစ်ကိုင်းနှင့် မုံရွာခရိုင်တွင် တက္ကသိုလ်ဝင်တန်း စာဖြေသူ (၁၃၀၀) ကျော်ဝင်ရောက်ဖြေဆို

0
152

စစ်ကိုင်းတိုင်း ဒေသကြီး ၊ စစ်ကိုင်းနှင့် မုံရွာခရိုင်အတွင်း၌ တက္ကသိုလ်ဝင်တန်း ကျောင်သား/ကျောင်းသူ (၁၃၀၀)ကျော် စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ မတ်လ (၁၁) ရက်တွင် စတင်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စစ်ကိုင်းမြို့တွင် ကျောင်းသား/ကျောင်းသူ (၈၀၂) ဦး ဝင်ရောက်ဖြေဆိုပြီး မုံရွာခရိုင်တွင် ကျောင်းသား/ ကျောင်းသူ (၅၀၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်းရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကိုယ်ပိုင်ကျောင်း (၅)ကျောင်း အပါအဝင် စုစုပေါင်း (၁၇)ကျောင်းတွင် အတွင်းဖြေ ကျောင်းသား(၁၂၇)ဦး၊ကျောင်းသူ(၁၇၁)၊ ပြင်ပဖြေဆိုသူ ကျောင်းသား(၁၇၃)ဦး၊ ကျောင်းသူ(၃၃၁)ဦး စုစုပေါင်း(၈၀၂)ဦး ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

ထို့အပြင် မုံရွာ ခရိုင်အတွင်း၌လည်း အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန (၄) ခုတွင် ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား (၁၃၄)ဦး၊ ကျောင်းသူ (၁၇၇) ဦးနှင့် ပြင်ပဖြေဆိုသူ ကျောင်းသား( ၇၇) ဦး၊ ကျောင်းသူ( ၁၂၁) ဦး ၊ စုစုပေါင်း  (၅၀၉) ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ မတ်လ(၁၁) ရက်မှ မတ်လ (၁၉) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယနေ့ နံနက် (၉) နာရီတွင် မြန်မာစာဘာသာအတွက် စာမေးပွဲကို နိုင်ငံတစ်ဝန်းကျင်းပခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here