ငါးဖမ်း၊ ငါးသယ် ရေယာဉ်အစီး (၅၀) ကျော်ကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်

0
137

မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးဖမ်း၊ ငါးသယ်ရေယာဉ်အစီးရေ (၅၀) ကျော်ကို ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

ယင်းရောင်းချသွားမည့် ရေယာဉ်များမှာ ကော့သောင်းခရိုင်တွင် (၇) စီး၊ ဘုတ်ပြင်းခရိုင်တွင် (၅) စီး၊ မြိတ်ခရိုင်တွင် (၁၅) စီး၊ ဖျာပုံခရိုင်တွင် (၂၃) စီးနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် (၂) စီး ရှိကြောင်း သိရသည်။

အဆိုပါ ရေယာဉ်များကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချသွားရန် စီစဉ်ထားပြီးလျှောက်လွှာများကို မတ်လ (၈) ရက်မှ (၂၅) ရက်အထိ ရောင်းချသွားည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာ ဝယ်ယူလိုသူများအနေဖြင့် နေပြည်တော်ကရုံး အမှတ် (၃၆)၊ ငါးလုပ်ငန်းဦးစီးဌာန (ရုံးချုပ်) တွင် ရုံးဖွင့်ချိန် နံနက် (၉) နာရီခွဲမှ ညနေ (၃) နာရီခွဲအထိ ဝယ်ယူနိုင်ကြောင်း သိရသည်။

ယင်းလျှောက်လွှာ (၁) စောင်လျှင် ကျပ် ၅၀၀၀ ကျသင့်မည်ဖြစ်ပြီး မတ် (၂၉) ရက်တွင် နေပြည်တော်ရှိ ငါးလုပ်ငန်း ဦးစီးဌာန(ရုံးချုပ်)၌ လေလံတင် ရောင်းချသွားမည်ဖြစ်သည်။

လေလံဆွဲမည့်သူများအနေဖြင့် ဝယ်ယူမယ့် ရေယာဉ် (၁) စီး ချင်းအတွက် စပေါ်ငွေကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်၌ Payment Order Cheque (P.O) ဝယ်ယူပြီး လေလံပွဲမတိုင်မီ မတ်လ (၂၆) ရက် နောက်ဆုံးထားကာ လေလံ တင်ရောင်းချရေးကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here