လိပ်ကျွန်းလူသ-တ်မှုဖြင့် ထောင်ကျနေသည့် ဝင်းနဲ့ ဇော်တို့ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ပုံမှန်ထောင်ဝင်စာ တွေ့ခွင့်ရရန် ဆောင်ရွက်နေဟုဆို

0
92

ထိုင်းနိုင်ငံတွင်လိပ်ကျွန်းလူသ-တ်မှုဖြင့် ထောင်ကျနေသည့် ဝင်းနဲ့ဇော်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အ ခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားခြင်းသည်။

” ကျွန်တော်တို့အနေနဲ့ ကလေးတွေဆီကို ပုံမှန်စာပို့တာရှိတယ်။ ‌ကျန်းမာရေးကောင်းတယ်လို့ယူဆရတယ်။ ပြီးတော့ဝင်းနဲ့ဇော်ကို ပုံမှန်ထောင်ဝင်စာ တွေ့ခွင့်ရဖို့ ဆောင်ရွက်နေတာရှိပါတယ်။ ကလေးတွေကတော့ ရခိုင်မှာကျန်ခဲ့တဲ့ သူတို့မိဘတွေရဲ့ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး ကိစ္စတွေကို မေးတာရှိပါတယ်။ အတတ်နိုင်ဆုံး သူတို့ကို ထောင်ဝင်စာလာတွေ့ပေးဖို့ ပြောတာတွေရှိပါတယ်” ဟု ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

လိပ်ကျွန်းလူသ-တ်မူ၏ ရှုပ်ထွေးသော ဖြစ်စဉ်များကြား ဝင်းနှင့် ဇော်အတွက် ဦးသိန်းစိန်လက်ထက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်အပါအဝင် ထိုင်းရောက် မြန်မာ့အရေးလှုပ်ရှားဆောင်ရွက်သူများ၊ ရှေ့နေအဖွဲ့အစည်းများနှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက ကြိုးစားပေးခဲ့ကြသလို မြန်မာပြည်သူများကလည်း ရန်ကုန်ထိုင်းသံရုံးမှတဆင့် ဘုရင်မင်းမြတ်ထံ အသနားခံစာ ပေးပို့ခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် ထိုင်းဘက်မှ ကူညီ‌ဆောင်ရွက်သူများအ‌နေဖြင့် ဝင်းနှင့်ဇော်၏ မိဘများအား ဘန်ကောက်ထိ ခေါ်ယူ အသနားခံစာတင်ပေးကြသော်လည်း‌ေ-သဒဏ်မှ တစ်သက်တစ် ကျွန်းအဖြစ်သာ ပြစ်ဒဏ်အဖြစ် ပြောင်းလဲခဲ့သလို (၉) နှစ်တာကာလအတွင်း မိဘများအနက်မှ တစ်ဦးပင် ကွယ်လွန်သွားပြီဟုသိရသည်။

ပြီးခဲ့သည့် အစိုးရ နှစ်ဆက် လက်ထက်တွင် တပ်မတော်ဘက်မှ တာဝန်ရှိသူများမှ ၎င်းတို့နှစ်ဦးအား ထောင်ဝင်စာသွားရောက်တွေ့ဆုံမှုများရှိခဲ့ကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလလ ထိုင်းနိုင်ငံ၊ ကော့စမွေကျွန်းတွင် ဗြိတိန်လူငယ်စုံတွဲ အသ-တ်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး  မြန်မာရွှေ့ပြောင်းလုပ်သား လူငယ်နှစ်ယောက်ဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို လူသ-တ်မှု၊ မုဒိ-မ်းမှု၊ ပစ္စည်းလုယက်မှု အပါအဝင် အမှု (၇) မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

၎င်းတို့ (၂) ဦးအား ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးမှ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ‌ေ-သဒဏ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလောင်ကွန်းက မယ်တော် သီရိခေတ်၏ သက်တော် (၈၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ‌ေ-သဒဏ်မှ တသက်တကျွန်းသို့ ပြောင်းလဲချမှတ်ခဲ့ခြင်း ဖြစ်သည်။

Photo The Gurdian


LEAVE A REPLY

Please enter your comment!
Please enter your name here