ဆိုက်ဘာ၊ မူးယစ်ဆေးဝါးမှုခင်းဆိုင်ရာ ကိစ္စရပ်များကို “PDRM Special Dialogue 2024”တွင်ဆွေးနွေး

0
154

ဆိုက်ဘာမှုခင်းများ၊ မူးယစ်ဆေးဝါးနှင့် သက်ဆိုင်သည့် မှုခင်းဆိုင်ရာ ကိစ္စရပ်များ၊ ဖြစ်ပေါ်လာမည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ “PDRM Special Dialogue 2024” အခမ်းအနားတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ပါဝင်ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မလေးရှားတော်ဝင်ရဲတပ်ဖွဲ့ကောလိပ်၌ မတ်လ (၁၁)ရက်က ပထမဆုံးအကြိမ် ကျင်းပသည့် “PDRM Special Dialogue 2024” အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးအောင်စိုးဝင်းမှ တက်ရောက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဆွေးနွေးပွဲကို မလေးရှားပြည်ထဲရေးဝန်ကြီးဌာနနှင့် မလေးရှားရဲတပ်ဖွဲ့တို့မှ ကြီးမှူး၍ (၂၁၇) ကြိမ်မြောက် မလေးရှားရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲတွင် ဆိုက်ဘာမှုခင်းများနှင့် မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် မှုခင်းဆိုင်ရာကိစ္စရပ်များ၊ ဖြစ်ပေါ်လာမည့်စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဖိတ်ကြားထားသည့် ဘာသာရပ်ဆိုင်ရာ ပညာရှင်များမှ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here