ဟားမတ်စ် ဒုတိယစစ်ခေါင်းဆောင် ‌ေ-သဆုံးသည့်သတင်း အတည်ပြုနိုင်ရေး အစ္စရေး ကြိုးပမ်းနေ

0
118
A picture taken from Rafah shows smoke billowing over Khan Yunis in the southern Gaza Strip during Israeli bombardment on March 11, 2024, amid ongoing battles between Israel and the Palestinian militant group Hamas. (Photo by SAID KHATIB / AFP)

ဂါဇာမှာ လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း ဟားမတ်စ်အဖွဲ့ရဲ့ ဒုတိယ စစ်ခေါင်းဆောင်ဖြစ်သူ ‌ေ-သဆုံးခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ အစ္စရေးက စစ်ဆေးအတည်ပြုနိုင်ဖို့လုပ်နေကြောင်း အစ္စရေး မီဒီယာတွေက ဆိုပါတယ်။

မာဝမ် အစ်ဆာ ‌ေ-သဆုံးကြောင်း အတည်ပြုနိုင်ခဲ့ပါက ပါလက်စတိုင်းထောင်ချီ‌ေ-သဆုံးခဲ့ရပြီဖြစ်တဲ့ ငါးလကြာမြင့်ပြီဖြစ်သော စစ်ပွဲအတွင်း အစ္စရေးရဲ့လက်ချက်နဲ့ ‌ေ-သဆုံးရတဲ့ ဟားမတ်စ်ရဲ့ အဆင့်အမြင့်ဆုံးအရာရှိဖြစ်လာမှာပါ။

လူမြင်ကွင်းမှာ ပေါ်ပေါ်ထင်ထင်မတွေ့ရတတ်မှုကြောင့် “အရိပ်လူသား” လို့ အသိများကြတဲ့ အစ်ဆာဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနယ်မြေအတွင်း စီးနင်းတိုက်ခိုက်ခဲ့မှုကို စီစဉ်ခဲ့တဲ့ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင်သုံးဦးအနက် တစ်ဦးဖြစ်ပါတယ်။ ထိုအချိန်ကစလို့ ပေါ်ပေါက်လာတဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲမှာ သူဟာ စစ်ဆင်ရေးတွေကို ညွှန်ကြားခဲ့သူလို့လည်း ယူဆရပါတယ်။

ဂါဇာအလယ်ပိုင်းရှိ Al-Nusseirat စခန်းမှာ ဟားမတ်စ် စစ်ရေးအဖွဲ့ lzzel-Deen Al-Qassam တပ်ရင်းရဲ့ ဒုဦးစီးချုပ် အစ်ဆာရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းအရ စနေနေ့ညပိုင်းမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ အစ္စရေး တပ်မတော်ရေဒီယိုက ဆိုပါတယ်။ ယင်းတိုက်ခိုက်မှုအတွင်း လူ ၅ ဦး‌ေ-သဆုံးခဲ့တယ်လို့လည်း ရေဒီယိုသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ယင်း ‌ေ-သဆုံးခဲ့သူတွေထဲမှာ အစ်ဆာပါဝင်ခဲ့သလားဆိုတာကို အစ္စရေးက စစ်ဆေးမှုလုပ်နေတာဖြစ်တယ်လို့ အစ္စရေးသတင်းစာ Haaretz က ဆိုပါတယ်။

ပါလက်စတိုင်း သတင်းရင်းမြစ်တစ်ဦးက ပြောဆိုရာမှာတော့ အစ်ဆာခိုအောင်းနေတယ်လို့ ယူဆတဲ့ နေရာတစ်ခုကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမယ့် သူ့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်လို့တော့ အသေးစိတ် ပြောနိုင်ခြင်း မရှိကြောင်း ဆိုခဲ့ပါတယ်။

ယခုသတင်းတွေနဲ့ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) နဲ့ ဟားမတ်စ် အရာရှိတွေထံက လတ်တလောမှာ တုန့်ပြန်မှတ်ချက်ပေးကြခြင်း မရှိသေးကြောင်း သိရပါတယ်။

Ref: MEMO


LEAVE A REPLY

Please enter your comment!
Please enter your name here