မုံရွာမြို့ ဘုရားနီဘုရားအတွင်းမှ အညာဓလေ့ ပုန်းမကြည်နတ် တင်ကြသူများ

0
193

ပုန်းမကြည်(ပုဗ္ဗကြယ်) နတ်ကို တောင်သူလယ်သမား၊ကိုင်း၊ ကျွန်းလုပ်တဲ့ လူတွေတိုင်း တပေါင်းလဆန်း(၃)ရက်ရောက်တိုင်းပူဇော်တင်မြှောက် ပသကြလေ့ရှိသည်။

မုံရွာမြို့၊ အလယ်ရပ်က ဘုရားနီဘုရားဝင်းအတွင်းမှာပုန်းမ ကြည်(ပုဗ္ဗကြယ်) နတ်ကွန်းရှိရာ စိုက်ပျိုးရေးလုပ်သူတွေ၊ ဈေးရောင်းသူတွေ၊ ဒေသခံအများစုဟာ တပေါင်းလဆန်း (၃)ရက်နေ့မှာ လာရောက်ပူဇော်ပသေလ့ရှိကြသည်။

“ပုန်းမကြည်ရှင်မက စပါး၊ ပဲ၊ နှမ်း၊ ဝါ စတဲ့အပင်တွေကို များများရအောင် ကူညီစောင့်ရှောက်တဲ့ နတ်လို့ယူဆကြပါတယ်။ တစ်ရွာ တစ်ပုဒ်ဆန်း၊ တစ်ကျောင်း တစ်ဂါထာဆိုသလိုပါပဲ။ နယ်မြေဒေသကိုလိုက်ပြီး ကွဲပြားမှုတွေလည်း ရှိကောင်း ရှိမှာပါ။”လို့ ပုန်းမကြည်လာတင်သူ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

တပေါင်းလဆန်း(၁)ရက်နေ့ လေတိုက်လျှင် မိုးဦးကောင်းမည်၊ တပေါင်းလဆန်း(၂)ရက်နေ့ လေတိုက်လျင်မိုးလယ်ကောင်းမည်၊ တပေါင်းလဆန်း (၃)ရက်နေ့ လေတိုက်လျင် မိုးနှောင်းကောင်းမည်ဆိုပြီး တောင်သူ လယ်သမားများက မိုးလေဝသကို ခန့်မှန်းလေ့ ရှိကြသည်။

ပုန်းမကြည်နတ် တင်ရာတွင် တင်သူက ဆန်မုန့်ဖြင့်ပြုလုပ်ထားသည့် မုန့်များနှင့်အတူ မုန့်ဆီကြော်ကို တင်မြှောက်ရပြီးလ္ဘက်ဆီဆမ်းလည်း ပါဝင်သည်။

ယင်းကဲ့သို့ တင်မြှောက်လျင် ” ဝါးပါ၊ စားပါ၊ ပြီးရင်လည်း မိုးသုံးချက်၊ လေသုံးချက်နဲ့ညီပြီး စိုက်တဲ့သီးနှံတိုင်း အောင်မြင် ဖြစ်ထွန်းအောင် မ,စပါ ပုန်းမကြည် အရှင်သခင်မ” ဆိုပြီး ဆုတောင်းလေ့ ရှိကြသည်။

အောက်ပြည်ပြောင်းရွှေ့လာကြသည့်မုံရွာဆက်များလည်း ဤနေ့ရောက်လျှင် မိမိရုံးခန်း၊နေအိမ်တို့၌မမေ့မလျော့ ပူဇော်လေ့ရှိကြကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here