ဗီယက်နမ်နိုင်ငံတွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းဆိုင်ရာ အစည်းအဝေးသို့ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်

0
177

ပြီးခဲ့သည့် မတ်လ (၈) ရက်က ဗီယက်နမ်နိုင်ငံ၊ ဟာလုံးမြို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး အခွင့်အလမ်းဆိုင်ရာ အစည်းအဝေးသို့ ဗီယက်နမ်နိုင်ငံ၊ ကွမ်နင်းပြည်နယ် ပြည်သူ့ကော်မတီနှင့် ဗီယက်နမ်နိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းတို့၏ ဖိတ်ကြားချက်အရ မြန်မာသံရုံး ယာယီတာဝန်ခံ တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာထုန်ပြန်ချက်အရ သိရသည်။

ယင်းအစည်းအဝေးသို့ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကိုမှ ဟနွိုင်းမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံရုံးအကြီးအကဲများ၊ စီးပွားရေးသံမှူးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံးယာယီတာဝန်ခံသည် အစည်းအဝေး မစတင်မီ ကွမ်နင်းပြည်နယ် ပြည်သူ့ကော်မတီ ဥက္ကဋ္ဌ H.E. Mr. Cao Tuong Huy အား သွားရောက်တွေ့ဆုံခဲ့ပြီး၊ လာမည့်နှစ်တွင် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ထူထောင်မှု နှစ်(၅၀) ပြည့်မြောက်မည်ဖြစ်သဖြင့် နှစ်နိုင်ငံ အကြား စီးပွားရေးနှင့် ကုန်သွယ်ရေး၊  စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ အထည်အလိပ် ပို့ကုန် ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့် အခြေအနေများကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here