အကူအညီပေးရေး ပက်ကေ့ချ်အသစ်မှာ ယူကရိန်းအတွက် မလုံလောက်ဟု သမ္မတဘိုင်ဒင်ပြောကြား

0
158

ယူကရိန်းနိုင်ငံအတွက် ဒေါ်လာသန်း ၃၀၀ တန် စစ်ဘက်ဆိုင်ရာ အကူအညီပေးရေး အစီအစဉ်မှာ မလုံလောက်ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပိုလန်သမ္မတ Andrzej Duda နှင့် ပိုလန်ဝန်ကြီးချုပ် Donald Tusk တို့ဖြင့် အိမ်ဖြူတော်တွင် တွေ့ဆုံပွဲမတိုင်ခင် ပြောကြားခဲ့သည်။

ယခင်က လွှတ်တော်မှ အတည်ပြုပြီးဖြစ်သည့် ကုန်ကျစရိတ်သက်သာစွာဖြင့် ယူကရိန်းနိုင်ငံအတွက်ကူညီမည့်အစီအစဉ်ကို  အမေရိကန်ပြည်ထောင်စုက ယနေ့ထုတ်ပြန် ကြေညာလိုက်ကြောင်း အဆိုပါ
ပက်ကေ့ဂျ်တွင် လက်နက်ခဲယမ်းများနှင့် ကျည်ဆံများပါဝင်ပြီး လွှတ်တော်သို့ ငွေကြေးဘတ်ဂျက်ထပ်မံတောင်းဆိုရန်မလိုပဲ ကူညီနိုင်ကြောင်းကိုလည်း သမ္မတဘိုင်ဒင်ကပြောကြားသည်။

ယူကရိန်းအတွက် နောက်ထပ်အကူအညီများကို အတည်ပြုပေးရန်ကိုလည်း ပြီးခဲ့သည့်နှစ်ကတည်းကပင်လျှင် အမေရိကန်လွှတ်တော်အမတ်များအား မိန့်ခွန်းတွင် ထည့်သွင်းပြောကြား၍ တောင်းဆိုခဲ့ပြီးဖြစ်ကြောင်းကိုလည်း သူက မှတ်ချက်ပြုသည်။

“ဒီနေ့ ကျွန်တော်တို့ ကြေညာတာ မလုံလောက်ပါဘူး။ ဒါကြောင့် ကျွန်တော် ပိုက်ဆံအများကြီး ထပ်တောင်းတယ်။ ယူကရိန်းအတွက် အရေးပေါ်ရန်ပုံငွေ အပါအဝင် နှစ်ဘက်အဖွဲ့အစည်းတွေရဲ့ အမျိုးသားလုံခြုံရေး ဥပဒေကြမ်းကို အခု လွှတ်တော်က အတည်ပြုရမှာပဲ” ဟုလည်း မစ္စတာဘိုင်ဒင်က ပြောကြားခဲ့သည်။

“တကယ်ကို အချိန်မနှောင်းခင်မှာ ကျွန်တော်တို့ လုပ်ရမှာပဲ” ဟု ဘိုင်ဒန်ကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here